(၃၁)ကြိမ်မြောက် ဆီးဂိမ်းကို ၂ဝ၂၂ ခုနှစ် မေလအတွင်း ကျင်းပမည်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းကို ၂ဝ၂၂ ခုနှစ် မေလအတွင်း ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၂၁

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အား အိမ်ရှင်အဖြစ်   လက်ခံကျင်းပခွင့် ရရှိထားသည့် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီက ပြိုင်ပွဲကို  ၂ဝ၂၂  ခုနှစ် မေလအတွင်း ကျင်းပမည်ဖြစ်ကြောင်း   အတည်ပြုကြေညာခဲ့သည်။  

ဆီးဂိမ်းကို ယခုနှစ်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိထားသည့် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီက ဗီယက်နမ်နိုင်ငံသည် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိတ်ချရခြင်း မရှိသေးသဖြင့်  ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းပေးရန်  တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် ပြိုင်ပွဲဝင်နိုင်ငံများ ဆွေးနွေးမှုပြုလုပ်ကာ  ပြိုင်ပွဲကို  တစ်နှစ် ရွှေ့ဆိုင်းခဲ့ရာ ယခုအခါ ၂ဝ၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပရန် အတည်ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းကို   ၂ဝ၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည့် အတွက်  ၂ဝ၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် (၃၂)  ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့်အချိန်နှင့် နီးကပ်နေသဖြင့် လာမည့်နှစ်  နှစ်ဆန်းပိုင်းတွင်   ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။