တရုတ်ရဲတပ်ဖွဲ့က အကျဉ်းထောင်မှ လွတ်မြောက်သွားသော မြောက်ကိုရီးယား အကျဉ်းသားကို ရှာဖွေရေးအတွက် ဆုငွေအမေရိကန် ဒေါ်လာ ၂၃ဝဝဝ ကမ်းလှမ်းထား

တရုတ်ရဲတပ်ဖွဲ့က အကျဉ်းထောင်မှ လွတ်မြောက်သွားသော မြောက်ကိုရီးယား အကျဉ်းသားကို ရှာဖွေရေးအတွက် ဆုငွေအမေရိကန် ဒေါ်လာ ၂၃ဝဝဝ ကမ်းလှမ်းထား

တရုတ်ရဲတပ်ဖွဲ့သည်    နိုင်ငံအရှေ့မြောက်ပိုင်း အကျဉ်းထောင်တစ်ခုမှ ယခုသီတင်းပတ် အစောပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားသော မြောက်ကိုရီးယား အကျဉ်းသားတစ်ဦးကို ပြန်လည်ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိပြီး ၎င်းအား တွေ့ရှိသူကို ဆုငွေအဖြစ် ဒေါ်လာ၂၃ဝဝဝ ပေးအပ်မည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။

ထိုအကျဉ်းသားသည်  အောက်တိုဘာ ၁၈ ရက်တွင် ကျီလင်မြို့ရှိ အကျဉ်းထောင်မှ   သိုလှောင်ရုံတစ်ခုကို  တွယ်တက်ပြီးနောက် အကျဉ်းထောင်၏ ပြင်ပနံရံကိုခုန်လွှား၍ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အမည် ကျူရှီကျန်းအမည်ရှိ အသက် ၃၉ နှစ်အရွယ် ထိုအကျဉ်းသားသည် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးပြီးနောက် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု၊ ခိုးမှု၊ လုယက်မှုတို့ဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

ကျူကို ၂ဝ၂၃ ခုနှစ်တွင် လွှတ်ပေးပြီး မြောက်ကိုရီးယားသို့ ပြန်လည်ပို့ဆောင် ရန် စီစဉ်ထားသည့်အတွက် ၎င်းအနေဖြင့် ပြန်လည်ပို့ဆောင်မခံရရန် အကျဉ်းထောင်မှ ချိုးဖောက်ထွက်ပြေးသည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လျက်ရှိသည်။

ကျူသည် ၂ဝ၁၃ ခုနှစ်တွင် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့ကို ပိုင်းခြားထား သောမြစ်ကို ဖြတ်ကျော်ပြီးနောက်  အနီးကျေးရွာတစ်ရွာရှိ နေအိမ်များစွာကို စီးနင်းကာ ငွေများ၊   မိုဘိုင်းဖုန်းများနှင့် အဝတ်အစားများကို ခိုးယူခဲ့ကြောင်း  တရားရုံး မှတ်တမ်းများအရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံသား အနည်းဆုံး ၁၁ဝဝ ခန့်သည် တရုတ်၌ ဖမ်းဆီးခံနေရ ကြောင်း သိရသည်။