ဖိလစ်ပိုင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈ဝ၆ ဦးရှိ

ဖိလစ်ပိုင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈ဝ၆ ဦးရှိ

ဖိလစ်ပိုင်နိုင်ငံ၌  အောက်တိုဘာ၂၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈ဝ၆ ဦးရှိပြီး သေဆုံးသူ ၂၆ဝ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ကြောင့် ထိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၇၄ဝ၁၁၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၄၁၂၃၇ ဦးထိ မြင့်တက်လာကြောင်း သိရသည်။

ဖိလစ်ပိုင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူအရေအတွက်  ကျဆင်းလာသော်လည်း လူဦးရေ ၁၃ သန်းကျော်ရှိသော မနီလာမြို့အနေဖြင့်  ရောဂါဖြစ်ပွားမှု အများဆုံးနှင့် ကူးစက်ခံရသူ အများဆုံး ဖြစ်ပွားရာနေရာအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

လူဦးရေသန်း ၁၁ဝ ရှိသော ဖိလစ်ပိုင် နိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလမှစ၍ လူ ၂၁ သန်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက် ခံထားရမှုရှိ၊ မရှိကို အစိုးရက စစ်ဆေးထားကြောင်း သိရသည်။