လစ်လပ်နေသည့် နယူးကာဆယ်အသင်း နည်းပြအတွက် ရိုးမားအသင်း နည်းပြဟောင်း ဖွန်ကာဆီ ထိပ်ဆုံးမှ ဦးဆောင်နေ

လစ်လပ်နေသည့် နယူးကာဆယ်အသင်း နည်းပြအတွက် ရိုးမားအသင်း နည်းပြဟောင်း ဖွန်ကာဆီ ထိပ်ဆုံးမှ ဦးဆောင်နေ

နယူးကာဆယ်အသင်းသည် အောက်တိုဘာ ၂ဝ ရက်က အသင်းနည်းပြ စတိဘရုဗ်ကို လျော်ကြေး ငွေပေးပြီး ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ကို ယခု ရက်သတ္တပတ်အတွင်း  ခန့်အပ်ရန်  ပြင်ဆင်လျက်ရှိကာ  နည်းပြသစ်အတွက်  ရိုးမားအသင်း နည်းပြ ဟောင်း ဖွန်ကာဆီက ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိကြောင်း သိရသည်။

နယူးကာဆယ်အသင်း ပိုင်ရှင်သစ်များက အသင်းကို ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်နေသည့် အတွက်  လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလမတိုင်မီ နည်းပြ စတိဘရုဗ်ကို ထုတ်ပယ်ပြီး ထိပ်တန်းအသင်း နည်းပြတစ်ဦးကို လာမည့်ပရီး မီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ပဲလေ့စ်အသင်းနှင့် ပွဲစဉ်မတိုင်မီ ခန့်အပ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကာ ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားများ ဖြစ်သည့် ဂျရက်နှင့် လမ်းပတ်တို့လည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းသည်  အစောပိုင်းက ထိပ်တန်းနည်းပြများ ဖြစ်သည့်  ကွန်တီ၊ ဇီဒန်းနှင့် လက်ရှိ  ရိုးမားအသင်း နည်းပြ မော်ရင်ဟိုတို့ကို ခန့်အပ်လိုသော်လည်း ၎င်းတို့ကိုယ်တိုင်က နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ နယူးကာဆယ်အသင်း နည်းပြအတွက် ရေပန်းစားမှု စာရင်းတွင် နည်းပြ ဖွန်ကာဆီက(၆း၅) ဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် ဒေါ့မွန် အသင်းနည်းပြဟောင်း လူစီယန်ဖာက (၉း၄)ဖြင့် လည်းကောင်း၊ ဘုန်းမောက်အသင်း နည်းပြ အက် ဒီဟိုဝီက (၃း၁)ဖြင့် လည်းကောင်း၊   ချယ်လ်ဆီး အသင်းနည်းပြဟောင်း လမ်းပတ်က (၁၂း၁)ဖြင့် လည်းကောင်း၊  လက်ရှိ  ရိန်းဂျားအသင်း နည်းပြ စတီဗင်ဂျရက်က(၁၂း၁)ဖြင့် လည်းကောင်း၊ လက်ရှိ ဗီလာရီးယဲလ် အသင်းနည်းပြ   အူနိုင်းအမ်မရီက (၁၆း၁)ဖြင့် လည်းကောင်း အသီးသီး ရပ်တည်နေကြောင်း သိရသည်။