အောက်ဆီဂျင်စက်စတင် စမ်းသပ်ထုတ်လုပ်

အောက်ဆီဂျင်စက်စတင် စမ်းသပ်ထုတ်လုပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အောက်ဆီ ဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှ  ကြီးမှူးကာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူ စုပေါင်း လှူဒါန်းငွေများဖြင့် ယခုနှစ် သြဂုတ်လမှ စတင်၍ ဘိုကလေးမြို့နယ် ခုတင်-၁ဝဝ ပြည်သူ့ဆေးရုံအနီး၌ အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်ခဲ့ရာ အများပြည်သူကျန်းမာရေး အတွက် အကျိုးပြုမည့် အောက်ဆီဂျင်များကို အောက်တိုဘာ ၂၂ ရက်မှစတင်၍ စမ်းသပ် ထုတ်လုပ်နိုင်ပြီဖြစ်သည်။

အဆိုပါအောက်ဆီဂျင် စမ်းသပ်ထုတ်လုပ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး စမ်းသပ် ထုတ်လုပ်သည့် ကာလအတွင်း တစ်နာရီလျှင် ၄ဝ လီတာအိုး ၁ဝ လုံး ထုတ်လုပ်နိုင်သည်။

အဆိုပါအောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးနှင့် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း ၂ဝဝဝ ခန့်ရှိပြီး မကြာခင် ရက်ပိုင်းအတွင်း အများပြည်သူများအတွက် အောက်ဆီဂျင်များ အခမဲ့ပေးဝေနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။