တရုတ်နှင့်စစ်အေး တိုက်ပွဲဖြစ်ပွားရန် ကြိုးပမ်းမည် မဟုတ်ဟု ဂျိုးဘိုင်ဒင်ဆို

တရုတ်နှင့်စစ်အေး တိုက်ပွဲဖြစ်ပွားရန် ကြိုးပမ်းမည် မဟုတ်ဟု ဂျိုးဘိုင်ဒင်ဆို

အမေရိကန်အစိုးရ အနေဖြင့် တရုတ်နိုင်ငံနှင့်  စစ်အေး တိုက်ပွဲဖြစ်ပွားရန် ကြိုးပမ်းသွားမည် မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်ဟု သိရသည်။

သို့သော်အမေရိကန် အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်၊ အမြင်များကို နောက်ဆုတ် ပြောင်းလဲမည် မဟုတ်ကြောင်း ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၁ ရက်တွင်ပြောသည်။

ဂျိုးဘိုင်ဒင်၏ အဆိုပါ ပြောဆိုချက်သည် ပထမဆုံးအကြိမ်   မဟုတ်သော်လည်း တောင်တရုတ်ပင်လယ်၌ အမေရိကန်က လုပ်ဆောင်သော စစ်ရေးလှုပ်ရှားမှုများနှင့်တရုတ်ကို ပစ်မှတ်ထားသည်ဟု    ယူဆရသော AUKUS သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီစာချုပ်ကဲ့သို့ မကြာသေးမီက ဆောင်ရွက်ချက်များသည်တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အလိုမရှိဟူသော အမေရိကန်၏ ပြောဆိုချက်များအပေါ် သံသယဖြစ်ပွားစေကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဒီမိုကရက်တစ် ကျင့်သုံးနေသည့် ကမ္ဘာကြီးအတွက် အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့ပြီး    တရုတ်နိုင်ငံတွင် အမေရိကန်ကဲ့သို့မဟုတ်ဘဲ စစ်မှန်သော မဟာမိတ်နိုင်ငံမရှိကြောင်း  တရုတ်နိုင်ငံဆိုင်ရာ     အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ရန်  ဂျိုးဘိုင်ဒင်၏ အဆိုပြုခံရသူ နီကိုလပ်ဘန်းက ပြောဆိုခဲ့ကြောင်း သိရသည်။