မလေးရှားနိုင်ငံ၌ လူ ၆၂၁ဝ ဦး ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရမှုကြောင့်  ရောဂါပိုးကူးစက်ခံရသူ ဦးရေမြင့်တက်

မလေးရှားနိုင်ငံ၌ လူ ၆၂၁ဝ ဦး ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရမှုကြောင့်  ရောဂါပိုးကူးစက်ခံရသူ ဦးရေမြင့်တက်

မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၂၁ ရက် သန်းခေါင်ယံမှစ၍ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၆၂၁ဝ ဦး ရှိသောကြောင့် နိုင်ငံအတွင်း၌ စုစုပေါင်း ရောဂါကူးစက်ခံရသူ  အရေအတွက်မှာ ၂၄၁၃၅၉၂ ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ရောဂါကူးစက်သူများအနက် ၄၂ ဦးသည်   ပြည်ပမှပြန်လာသူများ ဖြစ်ပြီး ကျန်ရောဂါပိုးကူးစက်ခံရသူများမှာ ဒေသတွင်း ကူးစက်ခံရသူများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် တစ်ရက်တည်းမှာပင် ရောဂါဖြစ်ပွားမှုကြောင့်  သေဆုံးသူ ဦးရေသည် ၉၆ ဦးကျော် ရှိသည့်အတွက်   နိုင်ငံအတွင်း၌   သေဆုံးသူ အရေအတွက် စုစုပေါင်းသည် ၆၁၆၈ ဦးထိ မြင့်တက်လာပြီဖြစ်သည်။

နိုင်ငံအတွင်း၌  လက်ရှိတွင် ရောဂါဖြစ်ပွားသူ အရေအတွက် စုစုပေါင်း ၈၉၃၃၇ ဦး ရှိပြီး ၎င်းတို့အနက် ၆၆၆ ဦးမှာ အထူး ကြပ်မတ်ကုသဆောင်၌ ကုသလျက်ရှိကာ ၎င်းတို့အနက် ၃ဝ၆ ဦးသည် အောက်ဆီဂျင်စက်၏ အကူအညီရယူနေရကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၂၁ ရက်တွင် အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးပေါင်း ၂၃၅၆ဝ၇ လုံး ထိုးနှံပေးခဲ့ကြောင်း၊  ထို့ကြောင့် နိုင်ငံအတွင်း၌ နိုင်ငံ့လူဦးရေ၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ် ထိုးနှံခံရပြီး ၇၁ ဒသမ ၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသွားပြီဖြစ်ကြောင်း သိရသည်။