ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  အောက်တိုဘာ ၂၂

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့်  အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ  အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများ၊ မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီငါးခုမှ ယာဉ်စီးရေ ၁၂ စီးဖြင့် အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ်လေးစီး ၇၅ တန်၊ အောက်ဆီဂျင်(အိုးခွံ)အခု ၁၈ဝဝ၊ အောက်ဆီဂျင် Plantငါးခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက်(အောက်ဆီဂျင် Generator) သုံးခု၊ အိမ်သုံးအောက်ဆီဂျင်စက် (အောက်ဆီဂျင်Concentrator) ၁၅၅ ခု၊ Test Kit အခု ၅ဝဝဝ၊ လက်အိတ် ၃၃ တန်နှင့် နှာခေါင်းစည်း (Mask) ၃၃ တန် တင်သွင်းခဲ့သည်။

အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ် လေးစီးမှာ မူဆယ်မှ မန္တလေးမြို့သို့ သုံးစီးနှင့် မြဝတီမှ ရန်ကုန်မြို့သို့ တစ်စီးဖြစ်ပြီး အောက်ဆီဂျင် Plant  ငါးခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်  အသိပေး ကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။