ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် လင်ဒီလော့ဖ်နှင့် မာရှယ်အပါအဝင် ကစားသမား ငါးဦးကို မန်ယူအသင်းမှ ထွက်ခွာခွင့်ပေးမည်

ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် လင်ဒီလော့ဖ်နှင့် မာရှယ်အပါအဝင် ကစားသမား ငါးဦးကို မန်ယူအသင်းမှ ထွက်ခွာခွင့်ပေးမည်

မန်ယူအသင်းက လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားအင်အား ဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်ရန်   အသင်းမှ လင်ဒီလော့နှင့် မာရှယ်တို့အပါအဝင်  ကစားသမား ငါးဦးအထိ  ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်း  သိရ သည်။

မန်ယူအသင်းသည်  နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက  စတာလင်ပေါင် သန်း  ၁ဝဝ  ကျော် အသုံးပြုပြီး  ဗာရာနီ၊  ဆန်ချိုနှင့် စီရော်နယ်ဒိုတို့ကို    ခေါ်ယူအင်အား ဖြည့်တင်းခဲ့သော်လည်း   လာမည့်   ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင်    ကစားသမားသစ် ထပ်မံအင်အား ဖြည့်တင်းရန် ပြင်ဆင်နေခြင်းဖြစ် သည်။

မန်ယူအသင်း၌ ကစားသမားသစ်များ  အင်အား ဖြည့်တင်းရန်အတွက် အသင်းတွင် နေရာမရသည့် ကစားသမားများ ဖြစ်သော  လင်ဒီလော့ဖ်၊ မာရှယ်၊  ဗန်ဒီဘိခ်၊  ဖီးလ်ဂျုံးနှင့်  သက်တမ်းတိုး  စာချုပ် ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့်  လင်ဂတ်တို့ ကို အသင်းမှ ထွက်ခွာခွင့်ပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မန်ယူအသင်းသို့ ဗာရာနီရောက်ရှိလာပြီးနောက်  လင်ဒီလော့ဖ်အနေဖြင့်  ပွဲထွက်ခွင့် မရရှိတော့ဘဲ ဒုတိယဦးစားပေး ကစားသမားအဖြစ်သာ ကစားနေရသကဲ့သို့    ဗန်ဒီဘိခ်အနေဖြင့်လည်း  ပွဲထွက်ခွင့် မရရှိသည့်အပြင်   နည်းပြဆိုးလ်ရှားနှင့် အဆင် မပြေဖြစ်နေသောကြောင့်    ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်    ထွက်ခွာခွင့်ပြုရန်  ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း  သိရသည်။