ဇမ္ဗူသီရိမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

နေပြည်တော်၊ ကျန်းမာရေး

ဇမ္ဗူသီရိမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား စဉ်ဆက် မပြတ် ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီတွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌   ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ အုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ကာ ပုံမှန်အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနား ယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူ ၇၂၂ ဦးအား အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ထိုးနှံပေးပြီး ထိုးနှံရန်ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုကျော်(ပြန်/ဆက်)