လီဗာပူးအသင်းအနေဖြင့် အဓိက ကစားသမားသုံးဦးဖြစ်သည့် ဆာလက်ချ် မာနေးနှင့် ကီတာတို့ကို ရှစ်ပွဲခန့်အထိ လက်လွှတ်ရဖွယ်ရှိ

လီဗာပူးအသင်းအနေဖြင့် အဓိက ကစားသမားသုံးဦးဖြစ်သည့် ဆာလက်ချ် မာနေးနှင့် ကီတာတို့ကို ရှစ်ပွဲခန့်အထိ လက်လွှတ်ရဖွယ်ရှိ

လန်ဒန်၊ ဘောလုံး

လီဗာပူးအသင်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အသင်းမှ အဓိက ကစားသမားသုံးဦးဖြစ်သည့် ဆာလက်ချ်၊ မာနေးနှင့်  ကီတာတို့ကို  ရှစ်ပွဲခန့်အထိ လက်လွှတ်ရဖွယ်ရှိကြောင်း သိရသည်။

လီဗာပူးအသင်းမှ အဓိက ကစားသမားများဖြစ်ကြ သည့် ဆာလက်ချ်၊ မာနေးနှင့်ကီတာတို့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်  သက်ဆိုင်ရာ လက်ရွေးစင်အသင်းများနှင့်အတူ အာဖရိကဖလားပြိုင်ပွဲ ကစားရမည်ဖြစ်သည့်အတွက် လီဗာပူးအသင်းနှင့် ပွဲစဉ် ရှစ်ပွဲခန့်အထိ လွဲချော်ရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အာဖရိကဖလားပြိုင်ပွဲကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၉  ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လီဗာပူးအသင်း  အဓိက ကစား သမားများဖြစ်သည့် ဆာလက်ချ်က အီဂျစ်အသင်းနှင့်လည်းကောင်း၊ မာနေးက ဆီနီဂေါအသင်းနှင့်လည်းကောင်း၊ ကီတာက ဂီနီအသင်းနှင့် လည်းကောင်း သွားရောက်ပူးပေါင်းရမည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများအရ အဆိုပါလက်ရွေးစင်အသင်းသုံးသင်းက လီဗာပူးအသင်းမှကစားသမားများကို ကစား သမားစာရင်း တွင်ရွေးချယ်ပါက လီဗာပူးအသင်းအနေဖြင့် ဒီဇင်ဘာ ၂၇ ရက်ကတည်းက အဆိုပါကစားသမားသုံးဦးကို စေလွှတ် ရမည်ဖြစ်သည်။

အာဖရိကဖလားပြိုင်ပွဲကာလအတွင်း လီဗာပူးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲ၊ ကာရာ ဘောင်းဖလား ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်နှစ်ပွဲနှင့် အက်ဖ်အေဖလားပွဲစဉ်နှစ်ပွဲ ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်ရှစ်ပွဲကို ဆာလက်ချ်၊ မာနေးနှင့် ကီတာတို့  လွဲချော်ရမည်ဖြစ်သည့်အတွက်  လီဗာပူးအသင်းက ပွဲအနည်းငယ်သက်သာစေရန်  ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။  

Ref;ECHO.Com