ယူဂန်ဒါမြို့တော်၌ ဖြစ်ပွားသော ပေါက်ကွဲမှုမှာ အကြမ်းဖက် တိုက်ခိုက်မှုဟု ယူဆရဟုဆို

ယူဂန်ဒါမြို့တော်၌ ဖြစ်ပွားသော ပေါက်ကွဲမှုမှာ အကြမ်းဖက် တိုက်ခိုက်မှုဟု ယူဆရဟုဆို

ယူဂန်ဒါနိုင်ငံ   ကမ်ပါလာမြို့တော်၌ အောက်တိုဘာ ၂၄ ရက်တွင် အကြမ်းဖက် တိုက်ခိုက်မှုဟု ယူဆရသော လူသေဆုံးစေသည့် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ယူဂန်ဒါ သမ္မတ ယိုစီရိမူစီဗီနီက ပြောသည်။

အဆိုပါပေါက်ကွဲမှုသည် ဒီဂီတာ စားသောက်ဆိုင်၌ ဖြစ်ပွားခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အထိတ်တလန့် ဖြစ်ဖွယ် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုအတွင်း လူတစ်ဦးသေဆုံးသည်ဟု  သမ္မတက ပြောသော်လည်း ယူဂန်ဒါ ရဲတပ်ဖွဲ့အကြီးအကဲ အဆန်ကာဆင်ဂီကမူ လူနှစ်ဦးသေဆုံးကြောင်းနှင့် ခုနစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

ကမ်ပါလာမြို့တော်သည် ၂ဝ၁ဝ ပြည့်နှစ် တွင် ဆိုမာလီယာအယ်ရှာဘတ် စစ်သွေးကြွအဖွဲ့၏  အဓိကပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ယင်းတိုက်ခိုက်မှုအတွင်း လူအများအပြား သေဆုံးသည်။ ယခုဖြစ်ပွားသော ထိုဖောက်ခွဲမှုကို ယူဂန်ဒါအစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များကို ဆိုမာလီယာသို့ စေလွှတ်ခြင်းကြောင့် လက်စားချေသည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု  အကြမ်းဖက်အဖွဲ့က ဝန်ခံထားကြောင်း သိရသည်။