ကနေဒါပစိဖိတ် ကမ်းရိုးတန်း၌ ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲရာမှ အဆိပ်ငွေ့များ မှုတ်ထုတ်

ကနေဒါပစိဖိတ် ကမ်းရိုးတန်း၌ ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲရာမှ အဆိပ်ငွေ့များ မှုတ်ထုတ် ကနေဒါနိုင်ငံ ပစိဖိတ် ကမ်းရိုးတန်းအတွင်း သွားလာနေသည့် ကုန်တင်သင်္ဘောတစ်စင်းသည် မီးလောင်ရာမှ အဆိပ်ဓာတ်ငွေ့များ မှုတ်ထုတ်ခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၃ ရက် နှောင်းပိုင်းတွင် ပြောသည်။

အသေးစားဓာတုဗေဒ ပစ္စည်းများ သယ်ဆောင်လာသည့် Zim Kingston အမည်ရှိ ကုန်တင်သင်္ဘောသည် ဗန်ကူးဗားသို့ ဦးတည်သွားနေစဉ် ည ၁၁ နာရီခန့်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်တင်သင်္ဘောကို ဗြိတိန်-ကိုလံဘီယာ ကမ်းရိုးတန်းတွင် ကျောက်ချ ရပ်နားထားကြောင်းနှင့် အရေးပေါ် ကန့်သတ်နယ်မြေကို သင်္ဘောရပ်နားထားသည့်နေရာမှ ၁ မိုင် အတွင်းတွင် သတ်မှတ်ထားသည်။

ထိုသင်္ဘောသည် ကုန်တင်သင်္ဘော နှစ်စင်းစာ ဓာတုပစ္စည်းပေါင်း ၅၂ဝဝဝ ကီလိုဂရမ်ကို  တင်ဆောင်လာရာမှ မီးလောင်ပေါက်ကွဲခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြောင်း CBC  သတင်းဌာနက ပြောသည်။