လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြိတ်မြို့နယ်၊ တောင်ညို ကျေးရွာ၌ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တောင်ရှည် ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာရှိ နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ မြိတ်တပ်နယ်မှ တပ်မတော် သားများက သွားရောက်၍ အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းခြင်း၊ နေအိမ် များအား ပြန်လည်ပြုပြင်ပေးခြင်းနှင့် ကျိုးကျနေသည့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ဖယ်ရှားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။