ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၅

အကောက်ခွန် ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌   ကုမ္ပဏီသုံးခုမှ Remdesivir   Powder  For  Injection    ၁ဝဝဝဝ ခု၊  Dexamethasone Tablet  ၃ဝဝဝ ခု၊ Levofloxacin  Infusion ၉၉၉ဝ ခု၊ ရန်ကုန်ဆိပ်ကမ်း များမှ Oximeter    ၁ဝဝဝဝ ခု၊ Oxygen Filling Plant တစ်ခု၊ Oxygen Cylinder  ၅၃ဝ ခု၊ Oxygen  Concentrator  ၁ဝဝဝ ခု၊ ဆေးဝါးမျိုးစုံ ၂ဝ မျိုး ၁၆၂၇၆ဝ ဒသမ ၇၇ KG၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ၁ဝ ခုမှ Mask ၈၄၄၉၇ KG? PPE ၁၈ဝဝဝ ခု၊ Disposable Cap  ၁၄ဝဝ KG ၊ Medical  Adhesive Tape  ၂၃၂ဝ ခု၊ Medical Plaster ၂၃၄ဝ ခု၊ SYRINGE ၇၇၃၅၈ ခု၊ Face Shield ၅၅၆ KG၊ Shoe Cover ၇၅၄၉ KG ၊ Gloves ၉၇၂၂ KG တို့အား ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။