ကိုဗစ်-၁၉ ရောဂါကြောင့် ဆွီဒင်နိုင်ငံသား ၃ဝဝဝဝဝ ခန့် အနံ့ခံအာရုံ ထိခိုက် ပျက်စီးမှုနှင့်ကြုံတွေ့နေရ

ကိုဗစ်-၁၉ ရောဂါကြောင့် ဆွီဒင်နိုင်ငံသား ၃ဝဝဝဝဝ ခန့် အနံ့ခံအာရုံ ထိခိုက် ပျက်စီးမှုနှင့်ကြုံတွေ့နေရ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆွီဒင်နိုင်ငံသား ၃ဝဝဝဝဝ ခန့်သည် အနံ့ခံအာရုံ ထိခိုက်ပျက်စီးမှုဒဏ်   ခံစားနေရကြောင်း  နိုင်ငံပိုင် TT  သတင်း အေဂျင်စီက အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ဆွီဒင်နိုင်ငံသားများသည် အနံ့ပျောက် ဝေဒနာခံစားနေရသောကြောင့် ဆေးဝါးကုသမှု ခံယူရန်အတွက် ဆေးရုံဆေးခန်းများတွင် စီတန်း၍ စောင့်ဆိုင်းနေကြရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အခြေချနေထိုင်သူ ၁ဝ သန်း နီးပါးရှိသည့် ဆွီဒင်နိုင်ငံ၌ အနံ့ပျောက်ခြင်းကို ကုသပေးသည့် ဆေးခန်းနှစ်ခုသာ ရှိပြီး အဆိုပါ ဆေးခန်းများအနက် တစ်ခုမှာ  စတော့ဟုမ်း မြို့တော်အနီး ဟက်ဒင်မြို့ ကာဂိုလင်စကာ တက္ကသိုလ်ဆေးရုံ၌ စက်တင်ဘာ လတွင် အသစ်ဖွင့်လှစ်လိုက်သော ဆေးခန်းဖြစ်ကြောင်း သိရသည်။

ဆွီဒင်တစ်နိုင်ငံလုံးမှ     အနံ့ပျောက်လူနာများ လာရောက်ကုသခြင်းဖြစ်ကြောင်း၊ နေရာပေါင်းစုံမှ လူနာများက ဆက်သွယ်လာကြကြောင်း Land တက္ကသိုလ်ရှိ ဇီဝဆေးပညာကျွမ်းကျင် ပညာရှင်က ပြောသည်။

အဆိုပါဆေးခန်းနှစ်ခန်းသည် ကူးစက်ရောဂါ၊ ဦးခေါင်းထိခိုက် ဒဏ်ရာရရှိမှုနှင့် အာရုံကြောရောဂါများ အပါအဝင် ရောဂါအမျိုးမျိုးကြောင့် အနံ့ပျောက်သူများကိုဆေးဝါးကုသပေးလျက် ရှိသော်လည်း အနံ့ပျောက်သည့် လူနာအများစုမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့်ဖြစ်သည်။