မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားထက်ဝက်ခန့်ကို ဒေသတွင်း၌ အသုံးပြုပြီး ပိုလျှံသည့် ဆားများကို မန္တလေးမြို့သို့ တင်ပို့

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားထက်ဝက်ခန့်ကို ဒေသတွင်း၌ အသုံးပြုပြီး ပိုလျှံသည့် ဆားများကို မန္တလေးမြို့သို့ တင်ပို့

ပြည်တွင်း၌  တတိယအများဆုံး ဆားထုတ်လုပ်နိုင်သည့် မွန်ပြည်နယ် ဒေသထွက် ဆားများကို  မန္တလေးမြို့သို့တင်ပို့ရောင်း ချလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့ ရာမည ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ  ဦးခင်ဇော်၏ ပြောဆိုချက်အရ သိရသည်။

မွန်ပြည်နယ်ရှိ  ဆားထုတ်လုပ်သည့် လုပ်ကွက်များ၏ ထက်ဝက်ကို ဒေသတွင်း၌  ပြန်လည်အသုံးပြုပြီး ပိုလျှံသည့်ဆားများကို မန္တလေးမြို့သို့   တင်ပို့လျက်ရှိကြောင်း သိရသည်။

''ဒီမှာက ဆားကြမ်းနဲ့ ဆားချောစက်ရုံ ၁၂ ရုံရှိတယ်။ အဲဒီ ၁၂  ရုံကပဲ အိုင်အိုဒင်း ဆားထုတ်တယ်။ ဒီမှာပုံမှန်ဈေးနဲ့ပဲ ရောင်းချ နေပါတယ်'' ဟု ဦးခင်ဇော်ကပြောသည်။

လတ်တလောတွင်   ဆားကြမ်းတစ် ပိဿာလျှင် ငွေကျပ် ၁၂ဝ ဝန်းကျင် ရရှိနေကြောင်း သိရသည်။

အဆိုပါဒေသ၌ ၂ဝ၂ဝ-၂ဝ၂၁ ဆားထုတ်လုပ်သည့် ရာသီချိန်အတွင်း  ဆားထုတ် လုပ်သူပေါင်း ၈ဝ ဦးခန့်ရှိခဲ့ပြီး ဧကလေး သောင်းကျော်အထိ ထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံ၌ ဆားကို ဧရာဝတီ တိုင်းဒေသကြီး၌ ၇ဝ ရာခိုင်နှုန်းခန့်၊ ရခိုင် ပြည်နယ်၌ ၁၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်၌ ၁ဝ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၌ အနည်းငယ် ထုတ်လုပ်ကြောင်း သိရသည်။

ယခုနှစ်တွင်  ဆားထုတ်လုပ်မှု အများဆုံးဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး၌လည်း ဆားထုတ်လုပ်သည့် ပမာဏ ၅ဝ ရာခိုင်နှုန်းမှ  ၆ဝ ရာခိုင်နှုန်းသာ ထွက်ရှိပြီး မွန်ပြည်နယ်၌လည်း   အထွက်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။