၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အထောက်အကူပြုသိကောင်းစရာများ

တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အတွက် မေးခွန်းဟာ ၂၀၁၉ ခုနှစ် မေးခွန်းပုံစံအတိုင်း ပြုစုမှာဖြစ်ပါတယ်။ မေးခွန်းတွေမှာ ကျောင်းသားအများစုဖြေဆိုနိုင်မယ့် လွယ်၊ သင့်၊ ခက် မေးခွန်းတွေ ပါဝင်တာဖြစ်လို့ သင်ခန်းစာများကို ကျေညက်စွာ လေ့လာထားတဲ့  ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်မယ့် မေးခွန်းပုံစံဖြစ်ပါတယ်။

 


တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အတွက် မေးခွန်းများဟာ ဒီနှစ်အတွက် ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး မေးမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာမေးတဲ့ မေးခွန်းပုံစံတွေလိုပဲ ဒီနှစ်မှာလည်း မေးခွန်း(၉)ပုဒ်မေးမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Grade 11 အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းမှာပါတဲ့ Reading Section, Vocabulary Section, Grammar Section, Writing Sectionနဲ့ Selected Poems တွေအားလုံးကို ကျေကျေညက်ညက် လေ့လာထားကြဖို့ လိုအပ်ပါတယ်။

မေးခွန်းနံပါတ်(၁)ကတော့ သင်ရိုးညွှန်းတမ်းမှာပါတဲ့ သတ်မှတ်ပေးထားပြီးဖြစ်တဲ့ သင်ခန်းစာများထဲက စာပိုဒ်တစ်ပိုဒ်(သို့မဟုတ်) တစ်ပိုဒ်ထက်ပိုတဲ့ စာပိုဒ်များကို ပေးထားပြီး စာပိုဒ်တွေမှာပါတဲ့ အကြောင်းအရာတွေကို အခြေခံပြီး မေးခွန်းအမျိုးအစား(၂)မျိုးနဲ့မေးမှာဖြစ်တယ်။ Question No. I. (A) u Write the correct word or words to complete each sentence. ဖြစ်ပါတယ်။  ပေးထားတဲ့စာကြောင်းကို အဓိပ္ပာယ်ပြည့်စုံအောင် ကွက်လပ်ဖြည့်ပေးရမှာဖြစ်ပါတယ်။ Item (၅)ခု မေးထားပြီး စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားစုတစ်စုနဲ့ ကွက်လပ်ကို ဖြည့်ရမှာဖြစ်ပါတယ်။ သတိပြုရမှာက ပေးထားတဲ့ဝါကျရဲ့ တည်ဆောက်ပုံပေါ်မူတည်ပြီး သင့်လျော်သလို စကားလုံးတွေကို ပြောင်းရေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

ဥပမာ - စာပိုဒ်ထဲမှာ Noun Form သို့မဟုတ် adjective form နဲ့ရေးထားပေမယ့် ဖြည့်ရမယ့်ကွက်လပ်မှာ verb form ပြောင်းပြီး ဖြည့်ချင်ဖြည့်ရပါမယ်။ စာပိုဒ်ထဲမှာ active verb form နဲ့ရေးထားပေမယ့် ဖြည့်ရမယ့်ကွက်လပ်မှာ passive verb form ပြောင်းပြီး ဖြည့်ချင်ဖြည့်ရပါမယ်။

ဥပမာ - စာပိုဒ်ထဲမှာ Children don’t remember that they were walking in their sleep, and they don’t usually wake up if the parent leads them back to bed. လို့ ပေးထားပြီး မေးခွန်းမှာ When children are -------- back to bed while sleepwalking, they don’t usually wake up.  လို့ မေးခဲ့ရင် ပေးထားတဲ့စာပိုဒ်ထဲက ကြိယာ lead ကို ပြန်ကူးချလို့မရပါဘူး။ ပြုလုပ်ခံရတဲ့သူ children ဟာ verb ရဲ့ အရှေ့ကိုရောက်သွားပြီး verb to be ‘are’ ကို ထည့်ထားတာကြောင့် passive verb form နဲ့ ကွက်လပ်ကိုဖြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် leads ကို past participle ဖြစ်တဲ့ led ပြောင်းပြီးဖြေပေးရပါမယ်။

Question No. I. (B) ကတော့ Answer each question in one sentence.ဖြစ်ပါတယ်။ စာပိုဒ်ထဲမှာပါတဲ့ အကြောင်းအရာ အချက်အလက်တွေနဲ့ ဆက်စပ်ပြီး မေးခွန်း(၅)ခု မေးမှာဖြစ်ပြီး ပေးထားတဲ့စာပိုဒ်ထဲက အဖြေရှာပြီး မေးခွန်းတစ်ခုစီကို ပြည့်စုံတဲ့ဝါကျတစ်ကြောင်းစီနဲ့ ဖြေပေးရမှာဖြစ်ပါတယ်။ အမှတ်ပြည့် ရရှိဖို့အတွက် မေးခွန်းမှာမေးတဲ့အချက်အလက် (Fact) ရော၊ သဒ္ဒါ(Grammar)ပါ မှန်မှန်ကန်ကန်ဖြေနိုင်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။

ဥပမာ - Babies sleep eighteen hours, and old people need less sleep than younger people.လို့ ပေးထားပြီး How many hours a day does a baby sleep? လို့ မေးခဲ့ရင် ဖြေရမယ့်အဖြေက ကြာချိန် eighteen hours  ဖြစ်ရပါမယ်။ ဒါပေမဲ့ အဖြေဟာ Babies sleep eighteen hours. လို့ အကုန်လုံးပြန်ထည့်လို့ မရပါဘူး။ ပေးထားတဲ့မေးခွန်းမှာ does a baby sleep လို့ ပေးထားတာကြောင့် ပြန်ဖြေတဲ့အခါ a baby ဟာ singular subject ဖြစ်တဲ့အတွက် subject-verb agreement အရ sleep မှာ s ထည့်ပြီး A baby sleeps eighteen hours a day.  လို့ဖြေမှမှန်ပါမယ်။ အရေးကြီးတာကတော့ ဆီလျော်မှန်ကန်တဲ့ အဖြေဖြစ်ရပါမယ်။ သင်ရိုးညွှန်းတမ်းပါ စာပိုဒ်တွေနဲ့ မေးခွန်းတွေကို အလွတ်ကျက်မှတ်တာထက် မေးခွန်းအမျိုးမျိုးကို အဓိပ္ပာယ်ရှိရှိ မှန်မှန်ကန်ကန်ဖြေတတ်အောင်  လေ့ကျင့်ထားဖို့ လိုပါတယ်။ စာပိုဒ်ထဲက သက်ဆိုင်တယ်ထင်တဲ့ စာကြောင်းတွေကို  တိုက်ရိုက်ကူးချတာမျိုးလည်း မပြုလုပ်ကြဖို့ သတိပြုစေချင်ပါတယ်။

မေးခွန်းနံပါတ် (၂) ကတော့ Fill in each numbered blank with a word from the list given. There are five extra words. Write down only the number of the blank and the word that fills it. ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ သင်ခန်းစာတွေထဲက စာပိုဒ်တစ်ပိုဒ် (သို့မဟုတ်) တစ်ပိုဒ်ထက်ပိုတဲ့ စာပိုဒ်တွေကိုပေးထားပြီး အဲ့ဒီစာပိုဒ်တွေထဲက (၈)လုံးမြောက်ဖောက်ထားတဲ့ကွက်လပ်တွေမှာ ပေးထားတဲ့စကားလုံးတွေကို  ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ကွက်လပ်ပေါင်း(၂၀) အတွက် ဖြည့်စွက်ဖို့ စကားလုံး(၂၅)လုံးကို ပေးထားပါတယ်။ သတိပြုရမယ့်အချက်ကတော့ စကားလုံး (၅)လုံး ပိုပေးထားတာပါပဲ။ စာပိုဒ်ကိုပြန်ကူးရေးဖို့ မလိုပါဘူး။ ကွက်လပ်နံပါတ်နဲ့ အဖြေကိုသာရေးရမှာဖြစ်ပါတယ်။ အဖြေကိုရေးတဲ့အခါမှာ capital letter တို့၊ small letter  တို့၊ spelling တို့ကို ပေးထားတဲ့အတိုင်း မှန်အောင်ရေးရပါမယ်။

မေးခွန်းနံပါတ်(၃)မှာ အပိုင်း(၂)ပိုင်း ပါဝင်ပါတယ်။ III. (A) ကတော့ Choose the appropriate words to complete the sentences. ဖြစ်ပါတယ်။ ဖတ်စာအုပ်ထဲက စကားလုံးတွေကို အဓိပ္ပာယ်သိရှိမှုနဲ့ မှန်မှန်ကန်ကန်သုံးတတ်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ ကွက်လပ်ပါတဲ့ မေးခွန်း(၅)ခုပေးထားပြီး ရွေးချယ်ဖို့ စကားလုံး(၃)လုံး ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီဝါကျနဲ့ သက်ဆိုင်ပြီး မှန်ကန်တဲ့စကားလုံးကို ရွေးရမှာဖြစ်ပါတယ်။

ဥပမာ- In the hot season, people travel to hilly regions to -------- from the intense heat. လို့ ပေးထားပြီး ရွေးချယ်စရာ  (A) prevent  (B) escape (C) protect လို့ ပေးထားရင် ဒီမေးခွန်းရဲ့ အဖြေမှန်က နျခစေန ဖြစ်လို့ (ြ) နျခစေန လို့ ရေးပေးရပါမယ်။

နောက်ဥပမာတစ်ခုကတော့ As people get older, they spend less time in deep --------. လို့ ပေးထားပြီး ရွေးချယ်စရာ (A) thought (B) dream (C) sleep လို့ပေးထားရင် အဖြေမှန်က sleep ဖြစ်လို့ (C) sleep ဆိုပြီး နံပါတ်နဲ့ အဖြေမှန်ကိုသာ ရေးပေးရပါမယ်။ ဒီလိုမေးခွန်းတွေဖြေဆိုရာမှာ ဝါကျရဲ့ အဓိပ္ပာယ်နဲ့ ရွေးချယ်ဖို့ပေးထားတဲ့ စကားလုံးတွေကို ဘယ်လိုသုံးရတယ်ဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။

III. (B) ကတော့ Write the appropriate words or groups of words to complete the lines of verse. ဖြစ်ပြီး ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ ကဗျာတွေထဲက ကောက်နုတ်ချက်တွေကို ကွက်လပ်ဖြည့်မေးတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ သင်ယူထားတဲ့ ကဗျာတွေကို နားလည် မှတ်သားထားရင် ဖြေဆိုဖို့ လွယ်ကူတဲ့ မေးခွန်းဖြစ်ပါတယ်။ တိတိကျကျ ပြန်လည်ဖော်ပြဖို့နဲ့ စာလုံးပေါင်း မှားယွင်းမှုမရှိအောင် သတိထားကြဖို့ လိုပါတယ်။

ဥပမာ -  Bridges ကဗျာထဲက စာကြောင်းနှစ်ကြောင်းဖြစ်တဲ့

A railroad bridge

Where freight trains -------; လို့  မေးရင် slowly crawl လို့ ဖြေပေးရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့  စာကြောင်းတွေကို  ပြန်ကူးရေးဖို့ မလိုပါဘူး။

မေးခွန်းနံပါတ် (၄)  ကတော့ သင်ခန်းစာပါ အကြောင်းအရာတွေကို ကျေကျေညက်ညက် လေ့လာထားမှုရှိ၊ မရှိစစ်ဆေးဖို့ မေးခွန်း(၅)ခုမေးမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာ မေးခွန်းပေးမထားဘဲ မေးခွန်း(၅)ခုစလုံးကို ဖြေဆိုရမယ်ဆိုတာ သိထားဖို့လိုပါတယ်။

ဥပမာ - What do the advertisements that include the picture of a pretty girl suggest?                                                                   လို့ မေးထားတယ်ဆိုရင်   The advertisements that include the picture of a pretty girl suggest (that) a man will be more attractive to women if he owns a certain type of car, or watch, or if he dresses in a certain style.  လို့ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။

နောက်ပုံစံတစ်ခုဖြစ်တဲ့ Who said these words and to whom were they said? What do they mean? ဆိုတဲ့ပုံစံလည်း မေးနိုင်ပါသေးတယ်။ ဥပမာ - “That’s a very short time to perform a miracle!” vdkYar;cJh&if Annie Sullivan/Miss Sullivan/Annie/Helen’s teacher said these words to herself.  They mean that it was impossible for her to teach Helen, a deaf blind child, language within two weeks. လို့ ဖြေပေးရပါမယ်။

ဒီလိုမေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်ဖို့ သတ်မှတ်ထားတဲ့  သင်ခန်းစာပါအကြောင်းအရာ များကို အသေးစိတ်ဖတ်ပြီး မှတ်သားထားဖို့လိုပါတယ်။ ယခုဖြေပြတဲ့ အဖြေတွေက နမူနာအဖြေများသာ ဖြစ်ပါတယ်။ ဆိုလိုရင်းမှန်ကန်ပြီး သဒ္ဒါမှန်တဲ့ ဘယ်အဖြေမဆို လက်ခံမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ်(၄) အပုဒ်ငယ်(၅)ကတော့ ကဗျာတွေထဲက စာကြောင်းနှစ်ကြောင်းလောက်ကို ပေးထားပြီး ဆိုလိုရင်းအဓိပ္ပာယ်ကို ရေးခိုင်းတာဖြစ်ပါတယ်။

ဥပမာ - What do these lines mean?

No time to wait till her mouth can

Enrich that smile her eyes began? ဆိုတဲ့ ကဗျာထဲက စာကြောင်း(၂)ကြောင်းကို ပေးထားတယ်ဆိုရင် အဲ့ဒီကဗျာ(၂)ကြောင်းကို စကားပြေပြန်ပေးရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေနိုင်ဖို့ကတော့ ပြဋ္ဌာန်းထားတဲ့ ကဗျာတွေရဲ့အဓိပ္ပာယ်ကို နားလည်သိရှိထားဖို့လိုပါတယ်။ ကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ဆိုလိုရင်း အဓိပ္ပာယ်ရော၊ သဒ္ဒါရော မှန်ကန်တဲ့ဘယ်အဖြေမဆို လက်ခံမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ်(၅)ကတော့ ဖတ်စာအုပ်ထဲမှာမပါတဲ့ စာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်း(၅)ခုကိုဖြေဆိုပေးရမှာ ဖြစ်ပါတယ်။ Unseen passage ဖြစ်ပေမယ့် ကျောင်းသား၊ ကျောင်းသူတို့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် အကြောင်းအရာပိုင်းနဲ့ ူညေါကေါန တို့ ပါဝင်တဲ့ စာပိုဒ်မျိုးကိုပေးထားမှာဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။ ဒီလိုမေးခွန်းတွေကိုဖြေဆိုတတ်အောင်လေ့ကျင့်ထားရင် ကျောင်းသားအများစု ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

ဥပမာ - စာပိုဒ်က့သက You should bathe every day so that you will look clean and smell good, and become more attractive. လို့ ပေးထားပြီး What is the benefit of bathing every day? လို့ မေးရင် အဖြေက The benefit of bathing every day is that we will look clean and smell good, and become more attractive. လို့ ဖြေပေးရပါမယ်။

ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ နားလည်နိုင်စွမ်းကိုစစ်ဆေးတဲ့အနေနဲ့ စာပိုဒ်ထဲက အကြောင်းအရာကို တိုက်ရိုက်မပေးဘဲ ဆက်စပ်ပြီးမေးတဲ့ မေးခွန်းမျိုးတွေလည်း မေးနိုင်ပါတယ်။

ဥပမာ - စာပိုဒ်ထဲမှာ You should bathe every day so that you will look clean and smell good, and become more attractive. … In addition, you should wash your face twice a day with a mild facial cleanser for clearer skin. … You must also keep your teeth healthy and white by brushing them every morning and evening.စသည်အချက်များပေးထားပြီး What do you do to maintain your personal hygiene? လို့ မေးရင် စာပိုဒ်ထဲမှ scanning လုပ်ပြီး အဖြေများကို ရှာဖွေနိုင်သလို ကျောင်းသား၊ ကျောင်းသူများရဲ့ personal hygiene အတွေ့အကြုံများကိုလည်း ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ပါတယ်။ အဓိပ္ပာယ်ရှိပြီး သဒ္ဒါမှန်တဲ့ မည်သည့်အဖြေကိုမဆို အမှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကိုဖြေဆိုရာမှာ  အဖြေကို ပြည့်စုံစွာဖြေဆိုနိုင်မှသာ အမှတ်ပြည့်ရရှိမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် (၆) ကတော့ capital letter, small letter, comma, semi-colon, full stop, question mark, open and close inverted comma, exclamation mark, apostrophe စတဲ့ Punctuation တွေကို စစ်ဆေးတဲ့ မေးခွန်းတွေဖြစ်တဲ့အတွက် personal hygiene လို့ မေးမှာဖြစ်ပါတယ်။

အဓိကကတော့ Punctuation တွေကို ဘယ်လိုသုံးရမလဲဆိုတာသိဖို့ လိုပါတယ်။ Punctuation မေးခွန်းအတွက် အလွတ်ကျက်မှတ်ဖို့မလိုပါဘူး။ လေ့ကျင့်ခန်းများများ လုပ်ပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် ဝါကျအစ စကားလုံးနဲ့ proper nouns တွေကို capital letter နဲ့ရေးဖို့ ၊ ဝါကျအဆုံးမှာ အဆိုဝါကျဖြစ်ရင် Full Stop သုံးဖို့ ၊ လူတစ်ဦးတစ်ယောက်ရဲ့ ပြောစကားဖြစ်လျှင် အဖွင့် အပိတ် inverted comma တွေ သုံးဖို့ သိရပါမယ်။ ဥပမာ - why dont you rest said mrs keller လို့ ပေးထားရင် “Why don’t you rest?” said Mrs. Keller. လို့ ပြန်ဖြေပေးရမှာဖြစ်ပါတယ်။ 

မေးခွန်းနံပါတ်(၇)မှာ အပိုင်းနှစ်ပိုင်းပါဝင်ပြီး ပထမပိုင်း VII.(A) က Stylistic transformation ဖြစ်တဲ့အတွက် Finish each sentence in such a way that it means exactly the same as the sentence that is given. လို့ မေးမှာဖြစ်ပါတယ်။

ပေးထားတဲ့ ဝါကျ(၁၀)ကြောင်းကို အဓိပ္ပာယ်မပြောင်းလဲစေဘဲ ပြန်ရေးပေးရမှာဖြစ်တယ်။ ဒီလိုအဓိပ္ပာယ် မပြောင်းလဲဘဲ တည်ဆောက်ပုံမတူတဲ့ ဝါကျတွေ ပြဋ္ဌာန်းစာအုပ်ပါ Grammar section တွေမှာပါပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေကို များများလေ့ကျင့်ရင် ဒီအပိုင်းကို ကောင်းကောင်းဖြေဆိုနိုင်မှာဖြစ်ပါတယ်။

ဒုတိယပိုင်း VII.(B) ကတော့ Using the prompts given, write a very short paragraph on ONE of the following. ဆိုပြီး ရွေးစရာ(၂)ပုဒ် ပေးပါမယ်။ ပေးထားတဲ့ Prompt တွေကိုသုံးပြီး စာပိုဒ်တိုလေး တစ်ပိုဒ်ရေးရမှာဖြစ်တယ်။ ကိုယ်ပိုင်နိုင်စွာရေးနိုင်မယ့်တစ်ပုဒ်ကိုရွေးပါ။   ကြိုတင်ပြင်ဆင်ရေးသား ကျက်မှတ်ထားတာတွေကို ဘာမှမစဉ်းစားဘဲ ချရေးတာမျိုး မလုပ်သင့်ပါ။ မလိုတာတွေ ထည့်မရေးပါနဲ့။ rite a very short paragraph ဆိုတာကိုသတိပြုပါ။ ပေးထားတဲ့ စမသာစအ အားလုံးကို ပြန်သုံးပြီး သဒ္ဒါမှန်တဲ့ဝါကျတွေ ရေးရမှာမို့လို့ ကိုယ်ပိုင်ဝါကျတွေ တည်ဆောက်တတ်အောင်   လေ့ကျင့်ထားကြစေ လိုပါတယ်။

ဥပမာ - Dengue Fever အကြောင်းကို ရေးခိုင်းတယ်ဆိုပါစို့။ ပေးထားတဲ့ prompt ကတော့ Dengue fever – viral disease carried – Aedes mosquitoes – occurs – tropical – subtropical regions ဖြစ်ရင် Dengue fever is a viral disease carried by the Aedes mosquitoes and it occurs in tropical and subtropical regions. လို့ရေးပေးရမှာ ဖြစ်ပါတယ်။ ဒီဝါကျမှာ ရေးဖို့လိုအပ်တဲ့ စကားလုံးတွေကတော့ is, a, by, the, and, it, in နှင့် and တို့ဖြစ်ပြီး punctuation mark ကတော့ full stop (.) ဖြစ်ပါတယ်။ is ကို main verb အဖြစ်လည်းကောင်း၊ a ကို countable noun ရဲ့ indefinite article အဖြစ်လည်းကောင်း သုံးထားပါတယ်။ ဒီဝါကျမှာ carried ဟာ passive verb ဖြစ်ပါတယ်။ Aedes mosquitoes ဟာ viral disease

 ကို သယ်ဆောင်လာတဲ့ agent ဖြစ်တာကြောင့် သူ့ရဲ့ရှေ့မှာ by ထည့်ရတာဖြစ်ပါတယ်။ Aedes mosquitoes ဟာ mosquito အမျိုးအစားဖြစ်တာကြောင့် definite article‘‘the’’ ကို ထည့်ရမှာဖြစ်ပါတယ်။ and နှစ်ခုမှာ ပထမ and ကို ဝါကျနှစ်ကြောင်းကိုဆက်တဲ့ conjunction အဖြစ်လည်းကောင်း၊ ဒုတိယ and ကို နေရာပြပုဒ်နှစ်ခုကိုဆက်တဲ့ conjunction အဖြစ်လည်းကောင်း သုံးရပါမယ်။ it ကို Dengue Fever အစား subject pronoun အဖြစ် သုံးရပါမယ်။ in ကိုတော့ နေရာပြပုဒ်နှစ်ခုကို ရည်ညွှန်းတဲ့ preposition အဖြစ် သုံးရပါမယ်။ full stop (.) ကိုတော့ ဝါကျအဆုံးသတ် punctuation mark အဖြစ် သုံးထားခြင်းဖြစ်တယ်။

ဒီမေးခွန်းကို  ဖြေနိုင်ဖို့ဆိုရင်  article  တွေ၊ preposition တွေ၊ conjunction တွေ၊ pronoun တွေနဲ့ punctuation mark တွေကို ဘယ်လိုသုံးရမယ်ဆိုတာ သိရှိဖို့အတွက် များများလေ့ကျင့်ထားဖို့ လိုပါတယ်။ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာတွေထဲက တိုက်ရိုက်ပေးမှာမဟုတ်လို့ အလွတ်ကျက်မှတ်တာထက် ကိုယ်တိုင်ဝါကျ တည်ဆောက်ပုံတွေကို လေ့ကျင့်ထားဖို့ လိုပါတယ်။

မေးခွန်းနံပါတ်(၈)ကတော့ Letter writing Choose a situation given below and write a letter. Do not write more than 300 words. လို့မေးမှာဖြစ်ပါတယ်။ ပေးထားတဲ့ မေးခွန်း(၂)ပုဒ်ထဲက ကြိုက်ရာတစ်ပုဒ်ကိုရွေးပြီး စာလုံးရေ(၃၀၀)ထက်မပိုအောင် ရေးသားဖြေဆိုရပါမယ်။ ဒီမေးခွန်းကိုဖြေဆိုတဲ့အခါ သတိပြုရမယ့်အချက်တွေကတော့ ပေးထားတဲ့ ညွှန်ကြားချက်တွေကို    သေသေချာချာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ (၁) စာရေးသူ (Addresser) နဲ့ စာလက်ခံရရှိမယ့်သူ  (Addressee) တွေကို သေသေချာချာသိဖို့ လိုပါတယ်။ (၂) ဘာအကြောင်းအရာ ရေးရမလဲဆိုတာ သေသေချာချာဖတ်ပါ။ ရေးခိုင်းတဲ့အကြောင်းအရာ တစ်ခုလား၊ နှစ်ခုလားဆိုတာ သေသေချာချာဖတ်ပြီးမှ ရေးဖို့လိုပါတယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မေးခွန်းမှာ စာရေးသူ (Addresser) နဲ့ စာလက်ခံရရှိမယ့်သူ (Addressee) တွေရဲ့ နာမည်ကို ပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် မိမိနာမည်၊ မိမိကျောင်း၊ မိမိမြို့ စသည့်စကားလုံးတွေကို လုံးဝထည့်မရေးဖို့ အထူးသတိပေးချင်ပါတယ်။

ဥပမာ - You are Su Myat. You live at No. 251, 116th Street, Yangon. Write a letter to your friend, Phyu Sin, who falls ill very often, explaining the benefits of taking physical exercise, and encouraging her to take physical exercise every day to become healthy. ဆိုတဲ့မေးခွန်းကိုကြည့်ရင် အကြောင်းအရာနှစ်ချက် ပါပါတယ်။ ပထမအချက်က explaining the benefits of taking physical exercise နဲ့ ဒုတိယအချက်က encouraging her to take physical exercise every day to become healthy ဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြရမှာဖြစ်ပြီး ဒုတိယအချက်အနေနဲ့ ကျန်းမာရေးကောင်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် သူငယ်ချင်းကို တိုက်တွန်းရမှာ ဆိုတာတွေပါအောင် အချက်နှစ်ချက်လုံးကို တိတိကျကျ ဆီလျော်မှုရှိအောင်ရေးမှ အမှတ်ကောင်းကောင်းရမှာ ဖြစ်ပါတယ်။ မေးခွန်းမှာမေးထားတဲ့ အကြောင်းအရာကို သေသေချာချာမဖတ်ဘဲ ကျက်မှတ်ထားသမျှ အားလုံး ချရေးတာမျိုးဟာ မေးထားတာနဲ့ မဆီလျော်လို့ အမှတ်ကောင်းကောင်း မရနိုင်ပါဘူး။

မေးခွန်းနံပါတ်(၉)ကတော့ Write an essay of three paragraphs on ONE of the following. Do not write more than 500 words. ဖြစ်ပါတယ်။ ပေးထားတဲ့ ခေါင်းစဉ်(၃)ခုထဲက မိမိအပိုင်နိုင်ဆုံးခေါင်းစဉ်တစ်ခုကို ရွေးပြီးရေးရမှာ ဖြစ်ပါတယ်။ ဥပမာ - The most useful inventions for students လို့မေးတာကို တီထွင်မှုတွေထဲကမှ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အသုံးဝင်ဆုံး တီထွင်မှုတွေကို ဖော်ပြဖို့လိုပါတယ်။ အဲ့လိုဖော်ပြရာမှာလည်း တီထွင်ထားတဲ့ ပစ္စည်းတွေကိုဖော်ပြရုံနဲ့ ရပ်ထားလို့မရဘဲ ဘာကြောင့်အသုံးဝင်တယ်၊ ဘယ်လိုအသုံးဝင်တယ်ဆိုတာကိုပါ ရှင်းပြပေးဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် မေးထားတဲ့မေးခွန်းကို ထိထိမိမိ ဖြေနိုင်မှာဖြစ်ပါတယ်။

Content and Relevancy (ရေးသားရမည့် အကြောင်းအရာနှင့်အချက်အလက် ဆီလျော်မှုရှိခြင်း) - မိမိရေးရမည့် အကြောင်းအရာနှင့် ဆီလျော်တာကို ရေးရမှာဖြစ်ပါတယ်။    လုံးဝသက်ဆိုင်မှုမရှိတဲ့ အကြောင်းအရာတွေကို ရေးရင် အမှတ်ရမှာ မဟုတ်ပါဘူး။ ရေးရမယ့် အကြောင်းအရာနှင့်စပ်လျဉ်းတဲ့ အချက်အလက်နဲ့ ဥပမာတွေကို ပြည့်ပြည့်စုံစုံရေးနိုင်ဖို့ လိုပါတယ်။

Organization and Presentation (ဖွဲ့စည်းပုံကောင်းခြင်းနှင့်တင်ပြပုံကောင်းခြင်း)-အကြောင်းအရာ အချက်အလက်တွေကို အချိတ်အဆက်မိမိနဲ့ နိဒါန်း၊ စာကိုယ်၊ နိဂုံးမှာ အစီအစဉ်ကျကျ ရေးနိုင်ရပါမယ်။ ရေးတဲ့အကြောင်းအရာကို စာဖတ်သူစိတ်ဝင်စားအောင်လည်း ဖွဲ့နွဲ့တင်ပြနိုင်စွမ်းရှိရပါမယ်။

ူညေါကေါန (စကားလုံးအသုံးအနှုန်းနှင့် သဒ္ဒါမှန်ကန်ခြင်း) - စကားလုံးများကိုသုံးရာတွင် လှလှပပနှင့် မှန်မှန်ကန်ကန်သုံးနိုင်ပြီး ဝါကျကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဖွဲ့နွဲ့ရေးသားနိုင်ရပါမယ်။ စာလုံးရေကန့်သတ် ထားသည့်အတွက် စကားလုံးဖောင်းပွခြင်းမရှိဘဲ ကျစ်လျစ်သော အရေးအသားဖြစ်စေရန် သတိပြုဖို့လိုပါတယ်။

ပေးစာနဲ့ စာစီစာကုံးရေးရာမှာ ထပ်မံပြောကြားလိုတာကတော့ စာလုံးရေကန့်သတ်ထားတာကို သတိပြုမိဖို့ပါပဲ။ ဆီလျော်မှုရှိတဲ့ ပေးစာတွေ၊ စာစီစာကုံးတွေကို ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ၊ သဒ္ဒါမှန်မှန်နဲ့ရေးဖို့ ရည်ရွယ်ချက်နဲ့ စာလုံးရေကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေကို အထူးမှာချင်တာကတော့ သင်ရိုးညွှန်းတမ်းမှာ ယခုနှစ်အတွက် သတ်မှတ်ပေးထားတဲ့ သင်ခန်းစာအားလုံးကို သေသေချာချာ လေ့လာမှတ်သားဖို့၊ စကားလုံးတွေနဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်တွေအပြင် သူတို့ကို ဘယ်လိုအသုံးပြုတယ် ဆိုတာကိုပါ  သိရှိအောင်  လေ့လာဖို့၊ မနေိငညါ ခသာစမန့နညျငသည တွေကို ဘယ်လိုဖြေဆိုရမယ်ဆိုတာ သိရှိအောင် လေ့ကျင့်ထားဖို့၊ ကဗျာတွေကိုလည်း ရွတ်ဆိုနိုင်ရုံသာမက အဓိပ္ပာယ်ဖွင့်ဆိုတတ်အောင် ကြိုးစားဖို့လိုပါတယ်။ ပေးစာနဲ့ စာစီစာကုံးတွေကိုလည်း သတ်မှတ်ထားတဲ့ စကားလုံးအရေအတွက်အတွင်းမှာ ကျစ်ကျစ်လျစ်လျစ်နဲ့   ဆီလျော်မှန်ကန်အောင် ရေးတတ်ဖို့လည်း  လေ့ကျင့်ထားကြဖို့ မှာကြားလိုပါတယ်။

ကျောင်းသား၊ ကျောင်းသူများအားလုံး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို အခက်အခဲမရှိ ထူးထူးချွန်ချွန်နဲ့ ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒေါက်တာသီသီထွန်း

(ပါမောက္ခ၊ ဌာနမှူး)

အင်္ဂလိပ်စာဌာန၊ ရန်ကုန်တက္ကသိုလ်