နမ္မတူ-မုံးရင် ကားလမ်းရှိ တံတားတစ်စင်းအား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှ မိုင်းခွဲဖျက်စီး

နမ္မတူ-မုံးရင် ကားလမ်းရှိ တံတားတစ်စင်းအား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှ မိုင်းခွဲဖျက်စီး

နေပြည်တော်၊ စက်တင်ဘာ-၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ နမ္မတူ-မုံးရင် ကားလမ်း မိုင်တိုင်အမှတ်(၃၀)နှင့် (၃၁)ကြားရှိ ကွန်ကရစ် တိုင်၊ သံဘောင်တန်းခံ၊ သစ်သားခင်း၊ သစ်သားအကာဖြင့် ဆောက်လုပ်ထားသော အရှည် ၆၀ ပေခန့်ရှိတံတားအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှ စက်တင်ဘာ ၁၂ ရက် ည ၁၁ နာရီခန့်တွင် မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးသဖြင့် တံတားသစ်သားခင်း ၂ ပေခန့်၊ သစ်သားအကာ ၆ ပေခန့် ပျက်စီးခဲ့ပြီး ဆိုင်ကယ်၊ မော်တော်ယာဉ်များ သွားလာနိုင် ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။