ဒေသအလိုက်တန်းတူဖွံ့ဖြိုးတိုးတက်ရေး အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်လျက်ရှိ

ဒေသအလိုက်တန်းတူဖွံ့ဖြိုးတိုးတက်ရေး အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်လျက်ရှိ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သောလုပ်သားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက နည်းပညာနှင့်သက်မွေးပညာ သင်ကြား၊ သင်ယူ၊ လေ့ကျင့်ပေးနေမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဦးစီးဌာနမှတာဝန်ရှိသူနှင့် နည်းပညာကောလိပ်တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်း

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာတို့ နည်း ပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေနဲ့ တာဝန်ယူဆောင်ရွက်ရ တဲ့အပိုင်း တွေနဲ့ပတ်သက်ပြီးသိချင်ပါတယ်။

ဖြေ။ ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေနဲ့ နည်းပညာနှင့် သက်မွေးပညာ သင်ကြား၊ သင်ယူ၊ လေ့ကျင့်မှုမှာ Focal Department အဖြစ် ဆောင်ရွက်လျက် ရှိပါတယ်။ ဦးစီးဌာနအနေနဲ့ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုရန်အတွက် သင်ယူလိုသူတိုင်း သက်မွေးပညာသင်ယူနိုင်မည့် အခွင့်အလမ်း ရရှိစေရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် နိုင်ငံသားတို့၏အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရေးကို သက်မွေးပညာဖြင့် အထောက်အကူပြုရန်ရည်ရွယ်၍ အစိုးရနည်းပညာ ကောလိပ်လေးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၄ ကျောင်း၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်း၊ ဆရာအတတ်သင် သိပ္ပံတစ်ကျောင်းနှင့် သက်မွေးပညာသင်တန်း ကျောင်းခြောက် ကျောင်းကိုဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှာ Diploma အဆင့် သုံးနှစ်ပုံမှန်သင်တန်းကိုးမျိုး၊ အစိုးရနည်း ပညာအထက်တန်းကျောင်းများမှာ Certificate အဆင့် နှစ်နှစ်ပုံမှန်သင်တန်းရှစ်မျိုး တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါ တယ်။ ကာလတိုသက်မွေးပညာသင်တန်း ၆၀ မျိုးကို ဒေသလိုအပ်ချက်နှင့် တောင်းဆိုမှုများအပေါ်မူတည်၍ လေ့ကျင့်သင်ကြား ပေးလျက် ရှိပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အစိုးရနည်းပညာ ကောလိပ် (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)နှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု သင်တန်း ကျောင်း (နေပြည်တော်)တို့ကို ဖွင့်လှစ်၍ နည်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများအား လေ့ကျင့်ပြုစု မွေးထုတ်ပေးလျက် ရှိပါတယ်။

မေး။ ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးအစီအစဉ် တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး  GTI ၊ GTHS နှင့် သက်မွေးပညာသင်တန်းကျောင်း ၇၀ အပြင် ၂၈ ကျောင်းထပ်မံတိုးချဲ့ရန် ဆောင်ရွက်နေတဲ့ အပိုင်းကိုသိချင်ပါတယ်။ လက်ရှိမှာရော အစိုးရနည်းပညာကောလိပ်တွေ ဘယ်လောက်ရှိပါသလဲ။ ဘယ်ဒေသတွေမှာ ဖွင့်လှစ်ထားပါသလဲ သိချင်ပါတယ်။

ဖြေ။ ။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ လက်ရှိဖွင့် လှစ်လျက်ရှိတဲ့ကျောင်းများအပြင် အစိုးရ စက်မှု လက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ဒေသအလိုက် တန်းတူဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ကျောင်းသစ် များ ထပ်မံတိုးချဲ့ဆောင်ရွက် လျက်ရှိပါတယ်။ ယခုအချိန်ထိ ဆောင် ရွက်ဆဲကျောင်းသစ်စီမံကိန်း ၂၈ ခုရှိပြီး စာသင်ဆောင်၊ အလုပ်ရုံ၊ ရေ၊ မီး၊ လမ်း များ စသည့်အခြေခံအဆောက်အဦများ ဖြည့်ဆည်းခြင်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများကို ဘဏ္ဍာနှစ် အလိုက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့် ဝန်ထမ်းသစ်များ ခန့်ထားနိုင်မှုပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနအနေနဲ့ အစိုးရ နည်းပညာ ကောလိပ်လေးကျောင်းအား ပြည်ထောင်စု နယ်မြေနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ ကချင်ပြည်နယ် မိုးညှင်းနှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံတို့တွင် ဖွင့်လှစ်ထားရှိပါတယ်။

မေး။ ။ နေပြည်တော်စက်မှုဇုန်မှာရှိတဲ့ လုပ်သားတွေကို ကျွမ်းကျင်မှုစစ်ဆေးဖို့ ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်လက်မှတ် တွေထုတ်ပေးနိုင်ဖို့ စင်တာတွေဖွင့်လှစ် ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒီအပိုင်း နဲ့ပတ်သက်ပြီးသိချင်ပါတယ်။

ဖြေ။  ။ နေပြည်တော်စက်မှုဇုန်မှာ အလုပ် လုပ်ကိုင်နေတဲ့ ကျွမ်းကျင်အလုပ်သမားများကို NSSA ကျွမ်းကျင်မှုလက်မှတ် စစ်ဆေး ထုတ်ပေးနိုင်ရေး အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)တွင် Bricklayer Level-1, Level-2, Carpenter Level-1 အလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု Assessment Center များ ရရှိပြီးဖြစ်ပါတယ်။ အစိုးရနည်းပညာ ကောလိပ် (နေပြည်တော်) တွင် Electrician Level-1, Level- 2, Aircon Level-1, Welding Level-1 နှင့် အထည်ချုပ်အလုပ်အကိုင် Level-1 တို့ကို မကြာခင်တည်ထောင်ထားရှိမှာ ဖြစ်ပါတယ်။ NSSA အသိအမှတ်ပြု  Assessment Center များဖွင့်လှစ်၍ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်   ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါက်တာ မင်းမင်းထွန်း

တွေ့ဆုံမေးမြန်း-ဇော်မျိုး(နေပြည်တော်)

မေး။ ။ ဆရာတို့ကျောင်းအနေနဲ့ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသလဲ။ ဒီကောလိပ်တွေ တက်ခြင်းအားဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေရပါသလဲ။ ကျောင်းတွေပြန်ဖွင့် ဖို့အတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်း နည်းပညာနှင့် သက်မွေးပညာ သင်ယူလေ့ကျင့်လိုသူများအား လေ့ကျင့် သင်ကြားပေးရန်နဲ့ နေပြည်တော်စက်မူဇုန် အတွက် ကျွမ်းကျင်သူအတတ်ပညာရှင်များ နှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်နိုင် ရေးအတွက် အစိုးရနည်းပညာကောလိပ် (နေပြည်တော်)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အစိုးရနည်း ပညာကောလိပ်(နေပြည်တော်)တွင် Diploma Level အဆင့် သုံးနှစ်ပုံမှန်သင်တန်း များဖြစ်သည့် Civil Engineering, Electronic Engineering, Electrical Power Engineering, Mechanical Engineering နှင့် Information Technology သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက် ရှိပါတယ်။ လာမည့်ပညာသင်နှစ်များတွင် Diploma in Farm Machinery Technology, Diploma in Food Science and Technology နှင့်  Diploma in Fashion Technology များကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိပါတယ်။ AGTI Diploma of Civil Engineering, Electronic Engineering, Electrical Power Engineering, Mechanical Engineering နှင့်  Information Technology တို့ကို  ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်မှု အခြေပြုကာလတို သက်မွေးပညာ သင်တန်းများဖြစ်တဲ့ မော်တာစက်ချုပ်သင်တန်း၊ စက်မှုလယ်ယာဆိုင်ရာ သက်မွေးပညာသင်တန်းများ၊ အစား အသောက်နှင့်သက်ဆိုင်သည့် သက်မွေးပညာသင်တန်းများ၊  Fashion Technology နှင့်သက်ဆိုင်သည့် သက်မွေး ပညာသင်တန်း များနဲ့ နည်းပညာဆိုင်ရာ သက်မွေးပညာသင်တန်းများကို ဒေသလိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါတယ်။

လိုအပ်တဲ့ အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ သင်ကြားသင်ယူမှုအတွက် စက်ပစ္စည်းများ၊ လက်တွေ့ခန်း သုံးပစ္စည်းများ ဖြည့်ဆည်းထားရှိခြင်းနှင့် ကျောင်းသားများ နည်းပညာရပ်များ ပိုမိုလေ့လာနိုင်ရန် မြန်နှုန်းမြင့် အင်တာနက် တို့ကိုလည်း ထောက်ပံ့ ပေးထားပါတယ်။ ကျောင်းပြန်လည်ဖွင့်လှစ်ပါက အဆင်သင့် ဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလိုက်နာရမည့် စည်းကမ်းချက်များအတိုင်း Physical Distancing အရ စီစဉ်ထားရှိသည့် စာသင်ခန်းများ၊ ခြေနင်း လက်ဆေးဘေစင်နဲ့ လက်ဆေး ဆပ်ပြာများ၊ အပူချိန်တိုင်းကိရိယာ၊  Face Shield နှင့် Mask များ အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့်  Infrastructures များဖြစ်တဲ့ စာသင်ခန်း၊ အလုပ်ရုံ၊ ပရိဘောဂများ၊ စက်ပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် အင်တာနက်တို့အား ဖြည့်ဆည်းဆောင် ရွက်ထားရှိ ပါတယ်။ ကျန်းမာသန်စွမ်းပြီး ပညာရည်မြင့်မားရေး အားကစားလုပ်ဆောင် နိုင်ရန်အတွက် ဖူဆယ်ကွင်း၊  Table Tennis နှင့်  Gym တွေပါ ဖြည့်ဆည်းပေးထားပါတယ်။ ကျောင်းသား၊ ကျောင်းသူများ နေထိုင်မှုအဆင်ပြေစေရေး အဆောင်များ တည်ဆောက်လျက် ရှိပြီး အဆောင်နေထိုင် ခွင့်ရရှိရေး ဆောင်ရွက်ပေးသွားမှာဖြစ်ပါ တယ်။

မေး။ ။ အစိုးရနည်းပညာကောလိပ်တက်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လိုအရည်အချင်း သတ်မှတ်ခေါ်ယူ တယ်ဆိုတာသိချင်ပါတယ်။

ဖြေ။ ။ အစိုးရနည်းပညာကောလိပ်တက်ရောက်ခွင့်ရရှိရန်အတွက် လျှောက်ထား သူသည်- (က) နည်းပညာနှင့် သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ (ခ) တက္ကသိုလ် ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။ (ဂ) တက္ကသိုလ် ဝင်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ် အပေါ်မူတည်၍ ရွေးချယ်မှာဖြစ်ပါတယ်။ (ဃ) အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ထူးချွန်စွာ အောင်မြင်သော သင်တန်း သားများကိုလည်း ဝင်ခွင့်သတ်မှတ်ချက်မူများနှင့်အညီ အစိုးရနည်းပညာ ကောလိပ်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ AGTI ဒီပလိုမာသင်တန်းများအတွက် သင်တန်းသားသစ်ခေါ်ယူခြင်းအစီအစဉ်ကို မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ငါးရက် ဆက်တိုက်ထည့်သွင်းကြေညာ၍ ခေါ်ယူပါတယ်။

မေး။     ။ ကောလိပ်က ကျောင်းပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ အလုပ်လုပ်ကိုင်ခွင့် အလုပ်အကိုင်အခွင့်အလမ်းက ဘယ်လိုရှိပါသလဲ။

ဖြေ။      ။ ကောလိပ်က ကျောင်းပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝန်းကျင်မှ ဝန်ထမ်းမိသားစုများနှင့် လူငယ်လူရွယ်များကို ကာလတို၊ ကာလရှည် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးပြီး အလုပ်အကိုင်များရရှိစေရေး စက်မှုဇုန်များနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ Job Fair ပွဲများဆောင်ရွက်ပေးခြင်းနှင့် Career Counseling ရုံးခန်းဖွင့်လှစ်၍ အလုပ်အကိုင် ရရှိရေး အတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်လျက်ရှိပါတယ်။

မေး။ ။နေပြည်တော်စက်မှုဇုန်မှာရှိတဲ့ လုပ်သားတွေကို ကျွမ်းကျင်မှုစစ်ဆေးဖို့ ကျွမ်းကျင်မှု “စံ”သတ်မှတ်ချက်လက်မှတ်တွေ ထုတ်ပေးနိုင်ဖို့ စင်တာတွေဖွင့်လှစ် ဆောင်ရွက်မယ်လို့သိရပါတယ်။ ဆရာတို့ကျောင်းအနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက်မလဲ သိချင်ပါတယ်။ ဒီလိုဖွင့်လှစ်ဆောင်ရွက်ဖို့အတွက် စင်တာတွေကိုဘယ်လိုဆောင်ရွက်မှာပါလဲ။ သက်ဆိုင်ရာ ကဏ္ဍ အလိုက် “စံ” သတ်မှတ်ချက်တွေကို ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ။      ။ နေပြည်တော်စက်မူဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့  ကျွမ်းကျင်အလုပ်သမားများကို  NSSA ကျွမ်းကျင်မှု လက်မှတ်စစ်ဆေး ထုတ်ပေးနိုင်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)တွင် Bricklayer Level-1၊ Bricklayer Level-2 နှင့် Carpenter အလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု Testing Center များရရှိပြီးဖြစ်ပါတယ်။ အစိုးရ နည်းပညာ ကောလိပ် (နေပြည်တော်)တွင် Electrician Level-1, Electrician Level-2, Aircon Level-1, Welding Level-1 နှင့် အထည်ချုပ်အလုပ်အကိုင် Level-1 အတွက် NSSA အသိအမှတ်ပြု Testing Center များရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ 

နိုင်ငံတော်ရှိ စက်မှုလက်မှုလုပ်ငန်းဌာန အသီးသီးအတွက်လိုအပ်သော ကျွမ်းကျင်လုပ်သားအဆင့်ဆင့်ကို မွေးထုတ်ပေးနိုင်ရန်၊ အလုပ်ရှာဖွေသူများအတွက် သင့်တင့်ကောင်းမွန်သော  အလုပ်အကိုင်များရရှိရေးနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှု အခွင့် အလမ်းများ ရရှိစေရန်အတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ကျောင်းနှင့် သင်တန်းဌာန(၉)နေရာတို့တွင်   မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)မှ  အသိအမှတ်ပြုပြီးဖြစ်သည့် Testing Center  (၉)ခုရှိပြီး NSSA Level(1) နှင့် Level(2) အဆင့် အလုပ်အကိုင်များအား သတ်မှတ်လုပ်ထုံးလုပ်နည်းများဖြင့် စစ်ဆေး၍ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်လျက်ရှိပါတယ်။

စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ နည်းပညာကောလိပ်(နေပြည်တော်) တွင် wGif Electrician Level 1, Electrician Level 2, Aircon Level 1, Welding Level 1 နှင့် အထည်ချုပ် အလုပ်အကိုင် Level 1 အတွက် NSSA အသိအမှတ်ပြု Assessment Center (၄)ခု  ဖွင့်လှစ်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး       ။           ။ သက်မှတ်အရည်အချင်းနဲ့ကိုက်ညီပြီး   အစိုးရနည်းပညာကောလိပ်တတ်ချင်တဲ့ ကျောင်းသား/ကျောင်းသူ တွေနဲ့ ကျောင်းသား မိဘတွေကို အကြံပြုစကားပြောပေးပါ။

ဖြေ       ။           ။ အစိုးရနည်းပညာကောလိပ် (နေပြည်တော်)မှာ တက်ရောက်လျက်ရှိတဲ့ ကျောင်းသား/ကျောင်းသူများကို သင်ကြားနည်းစနစ်နှင့် လက်တွေ့လုပ်ငန်းများအတွက် သင်တန်းတက်ရောက်ပြီး ဆရာ၊ ဆရာမများမှ လေ့ကျင့်သင်ကြားပေးခြင်း၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လုပ်ငန်းခွင်မှပညာရှင်များ၏ အကြံပြုချက်များ ရေးဆွဲထားသည့် သင်ရိုး ညွှန်းတမ်းများနှင့် သင်ကြားခြင်း၊  ကျောင်းသားများ ကိုယ်တိုင် self-leaning ပြုလုပ်နိုင်ရန် Internet ထောက်ပံ့ပေး ထားခြင်း၊ လုပ်ငန်းခွင်လက်တွေ့ ဆောင်ရွက်ရခြင်းတို့ကြောင့် လုပ်ငန်းခွင်နှင့် ကိုက်ညီပြီး အခက်အခဲမရှိ လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်နိုင်ကြမှာ ဖြစ်တဲ့အတွက်   အစိုးရနည်းပညာကောလိပ်ကို တက်ရောက်ဖို့ အကြံပြုစကားပါးလိုပါတယ်။

ဇော်မျိုး(နေပြည်တော်)