ရေးမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရေးမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၃
    
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲခန့်တွင် မော့ကနင်ကျေးရွာ၊ ကျိုက်ဝယ်နွဲ ဘုန်းကြီးကျောင်းအနီးလမ်းပေါ်၌ သေနတ် ၁ လက်ကိုင်ဆောင်ကာ အရပ်ဝတ်ဖြင့် လမ်းလျှောက်လာသည့် ထောလွီ(ဘ)ဦးအောင်တင်အား ခေါ်ယူစစ်ဆေးရာ  12 Bore Shot Gun  အမျိုးအစား သေနတ် ၁ လက်၊ 12 Bore ခဲကျည် ၅ တောင့်၊ ၎င်းလွယ် ထားသည်အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား လမိုင်းနယ်မြေရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။