တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ဟင်္သာတမြို့နယ်နှင့် မြန်အောင် မြို့နယ်အတွင်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်ကျေးရွာအုပ်စု၊ တာငုတ်ကျေးရွာ ဆည်မြောင်း ရေကာတာသည် သြဂုတ် ၄ရက်တွင် တာရိုးကျိုးပေါက်ပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အဆိုပါကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးကို ရေလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက် ကမ်းတစ်လျှောက် ရေစီးအားထိန်းရ ရေပေါ်လွှဲဝါး ဖောင်ချခြင်း၊ အရံရေကာတာ သဲအိတ်ချခြင်း၊ သစ်ကိုင်း များအား ကျောက်ထုတ်ချည်၍ ပစ်ချကာ ရေတောင် ဝှေ့ချခြင်းများကို စုပေါင်း ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။