ဗန်းမော်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဗန်းမော်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၃
    
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် မံသာကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ မိုးမိတ်- ဗန်းမော်သားကားလမ်း၌ ယာဉ်ဝင်ထွက်မှုများအား စစ်ဆေးနေစဉ် သံတံတားကျေးရွာဘက်မှ မံသာကျေးရွာဘက် သို့ ဇာနည်မောင်(ဘ)ဦးဆန်းထူး မောင်းနှင်ပြီး ကျော်ဇင်ဦး(ဘ)ဦးဝင်းနိုင်လိုက်ပါလာသည့် Mark- IIအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 4I/----- ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၃၅ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀ ခန့်)အားလည်းကောင်း၊ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ဘုန်းထက်ကျော်(ဘ) ဦးတင်အောင်စိုး မောင်းနှင်ပြီး ဒေါ်မြင့်မြင့်သန်း(ဘ)ဦးကျန်တင်လိုက်ပါလာသည့် Ipsum  အမျိုးအစား မော်တော်ယာဉ်အမှတ် YGN-2G/------ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄ သိန်းကျော်) တို့အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ဗန်းမော်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။