ဟားခါးမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ဟားခါးမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ချင်းပြည်နယ် ဟားခါးမြို့၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့်ရှိ     ကျောင်းသား၊ ကျောင်းသူများအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၃၈၁၁ ဦးကို ဟားခါးမြို့ အမှတ်(၁)   အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတို့၌ အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ အထူးကုဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ ဝန်ထမ်းများက ပူးပေါင်း ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက် ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါက မိနစ် ၃ဝ ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။