ကပ်ရောဂါကြောင့် ထိုင်းလေကြောင်းလိုင်းများက လေယာဉ်များကို ကော်ဖီဆိုင်အဖြစ် ပြောင်းလဲ

ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားနေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကပ်ရောဂါကြောင့် လူသန်း ပေါင်းများစွာမှာနေအိမ်၌သာနေနေရစဉ် ထိုင်းလေကြောင်းလိုင်းများက လေယာဉ်များကို ကော်ဖီဆိုင်အဖြစ်ပြောင်းလဲပြီး စားသုံးသူများကို လေယာဉ်ပေါ်တွင် အမှန်တကယ် ကော်ဖီသောက်နေရသည့် အရသာကိုပေးစွမ်းလျက်ရှိကြောင်း သိရသည်။

ပတ္တယား ကမ်းရိုးတန်းမြို့ရှိ လေယာဉ်အဟောင်း တစ်စင်းအပေါ်၌ ကော်ဖီ သောက်သုံးသူများက ပထမတန်းထိုင်ခုံများတွင် ဇိမ်ရှိရှိထိုင်ပြီး ဓာတ်ပုံများရိုက်လေ့ရှိသည်။ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် ထိုင်းလေကြောင်းလိုင်းဌာနချုပ်၌ အလားတူ လေယာဉ် ကော်ဖီဆိုင်ဖွင့်လှစ်ထားပြီး လေယာဉ်ပေါ်တွင် ကျွေးသည့် အစားအသောက်များကို လွမ်းမောသူများက လေယာဉ်မယ်များလာချပေးသော အစားအစာများကို တရှိုက်မက်မက် စားသောက်ကြသည်။

ထိုသို့လေယာဉ်ကော်ဖီဆိုင်များတွင် လာရောက်စားသုံးမှုသည် အစားအစာကို စားသောက် ချင်သည်ထက် လေယာဉ်စီးပြီးခရီးသွားရသည့် အရသာကို လွမ်းမောခြင်းကြောင့် ဖြစ်ကြောင်း မိသားစုနှင့်အတူလာသည့် အမျိုးသားတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ပထမဆုံးတွေ့ရှိသည့် နိုင်ငံ ဖြစ်သော်လည်း လူပေါင်းအယောက် ၃၄၀၀ ခန့်သာ ဗိုင်းရပ်ကူးစက်ခံရကာ ၅၈ ဦးသာ သေဆုံးထားကြောင်းနှင့် လက်ရှိတွင်အစိုးရက အသွားအလာတားမြစ်ကန့်သတ်မှု အချို့ကို ချမှတ်ထားဆဲဖြစ်ကြောင်းသိရသည်။

Ref: The Straits Times