ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇ဝ၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇၅၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၄ဝ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇ဝ၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇၅၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၄ဝ ရာခိုင်နှုန်းရှိ

နေပြည်တော်  အောက်တိုဘာ  ၃၁

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ   ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃ဝ-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃၁-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇ဝ၈၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၇၅၂ ဦး တွေ့ရှိရသည်။   ထို့ကြောင့်   ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ၄ဝ ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၈၆၆၇၉၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅ဝဝဝ၇၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၇၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း၄၆၇၆၈၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၃ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၆၉၇ ဦး ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၃ဝ-၁ဝ-၂ဝ၂၁)ရက်အထိ လူဦးရေ စုစုပေါင်း ၁၃၂၄၄၉၉၆ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၇ဝ၅၄ဝ၁၅ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၁၉ဝ၉၈၁ ဦးရှိပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ (၃ဝ-၁ဝ-၂ဝ၂၁) ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂ဝ၂၉၉ဝ၁၁ ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။