မြန်မာ့ရိုးရာဆေးနည်းတိုကုထုံးများ

မြန်မာ့ရိုးရာဆေးနည်းတိုကုထုံးများ

ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောင်သော ရောဂါအတွက် ဆားအငန်ကို ရှောင်ကြဉ်ပြီး မြင်းခွာရွက်ကိုအရည်ညှစ်၍ အကြမ်းပန်းကန်တစ်လုံးစာခန့် နံနက်၊ ည သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

ကျောက်ကပ်တွင်  ကျောက်တည်လျှင်  သံမနိုင်ကျောက်မနိုင်၊ကျောက်ကွဲရွက်၊ တောဆီးဖြူရွက်၊ ထိကရုံးဆူးပင်များကို ပြုတ်၍ သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ပါ။ ငါးပြေမကို စောင်းလျားသီးဖြင့်  ဟင်းချက်စားလျှင်  လက်တွေ့ကျောက်ကျသူများရှိသည်။ ကျောက်ဖရုံသီးကို ဟင်းချိုချက်၍ ရက်ရှည်စားပေးခြင်းဖြင့်လည်း ကျောက်ကျစေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)