ငရုတ်သီးဈေးကောင်း ရရှိစေရန် ဈေးကွက် ဝယ်လိုအားများသည့် ကာလကို တွက်ချက်စိုက်ပျိုးသင့်

ငရုတ်သီးဈေးကောင်း ရရှိစေရန် ဈေးကွက် ဝယ်လိုအားများသည့် ကာလကို တွက်ချက်စိုက်ပျိုးသင့်

ငရုတ်သီးဈေးကောင်းရရှိစေရန် တောင်သူများအနေဖြင့်  ဈေးကွက်ဝယ်လိုအား များသည့်ကာလကို  စနစ်တကျတွက်ချက် စိုက်ပျိုးသင့်ကြောင်း ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

''အခုရက်ပိုင်းဆိုရင်    ငရုတ်သီးဈေးကွက်   နည်းနည်းအေးသွားပြီ။   သြဂုတ် လလောက်ကပေါ်တဲ့    ငရုတ်သီးတွေ အသီးနည်းသွားပြီ။   တောင်သူတစ်ဦးနဲ့ တစ်ဦး စိုက်ပျိုးတဲ့အချိန်မတူဘူး။ တချို့ က ကြက်သွန်နဲ့ငရုတ်ကို  တွဲစိုက်ကြတဲ့ အတွက်  ငရုတ်သီးချည်းပဲ စိုက်တဲ့သူတွေနဲ့  စိုက်ချိန်မတူကြဘူး။  အများအားဖြင့် ဇန်နဝါရီလကနေ   နောက်ပိုင်းစိုက်တဲ့ ငရုတ်သီးတွေက   ဈေးကောင်းရတယ်။ အဲဒီအချိန်ဆိုရင် ငရုတ်သီးရှားလို့ ဈေး ကောင်းရတာပါ'' ဟု မန္တလေးတိုင်းဒေသ ကြီး မလှိုင်မြို့နယ် မန်ကျည်းပင်ပုကျေးရွာ မှ   ငရုတ်သီးနှင့်  ကြက်သွန်စိုက်ပျိုးသူ ဦးကျော်မျိုးလင်း ကပြောသည်။

မန္တလေးတိုင်းဒေသကြီး၌    ဈေးကွက် ဝယ်လိုအားများသည့် ၆၉၂ ငရုတ်မျိုးကို တွင်ကျယ်စွာ စိုက်ပျိုးကြပြီး လက်ရှိဈေးကွက် အတွင်း  ၆၉၂  ငရုတ်သီးမျိုး  တစ်ပိဿာ လျှင် ငွေကျပ် ၉ဝဝ ဝန်းကျင်ဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။

''စိုက်ပြီးထွက်သမျှငရုတ်သီးကို နွားထိုး ကြီးမြို့နယ်ကို တင်ပို့တာများတယ်။ ၆၉၂  ငရုတ်မျိုးက  ဈေးကောင်းတဲ့အချိန်ဆိုရင်  တစ်ပိဿာကို  ငွေကျပ်  ၁၅ဝဝ ဝန်းကျင် လောက်ရတယ်။ အခုနောက်ပိုင်း သီးနှံရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးကြ တယ်ဆိုပေမယ့်  တောင်သူတွေဘက်ကလည်း    ဈေးကောင်း ရနိုင်လောက်မယ့် အချိန်ကို သေချာမှန်းဆပြီး  စိုက်ပျိုးတတ် မှသာ အဆင်ပြေမှာပါ'' ဟု  ဦးကျော်မျိုး လင်းက ပြောသည်။