ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၄
    
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အေးဝင်းနိုင်(ဘ)ဦးမြင့်အေး ၏ နေအိမ်အား ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ် ဆေးရာ အေးဝင်းနိုင် ကို  M-16  သေနတ် ၁ လက်၊ ၎င်းကျည် ၄၀ တောင့်၊ ကျည်အိမ် ၆ ခု၊ စနိုက်ပါ မှန်ပြောင်း ၁ လက်၊ လွယ်ကြိုး ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
     
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။