ကသာမြို့၌ ဈေးအတွင်းရှိ ဈေးရောင်းသူနှင့် ဈေးကြီးကြပ်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေး

ကသာ၊ ကျန်းမာရေး

ကသာမြို့၌ ဈေးအတွင်းရှိ ဈေးရောင်းသူနှင့် ဈေးကြီးကြပ်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး   ကသာမြို့ရှိ ဈေးများအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် ဈေးအတွင်းရှိ ဈေးရောင်းပြည်သူများအား နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် မြို့မဈေးကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကို Test Kit ဖြင့် စစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကသာမြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကသာမြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် သီရိခေမာဈေး အတွင်းရှိ ဈေးရောင်းသူနှင့် ဈေးကြီးကြပ်သူ လူဦးရေပေါင်း ၄၂ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါဈေးရောင်းသူနှင့် ဈေးကြီးကြပ်သူအားလုံးမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ   တာဝန်ရှိ သူများက လည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

သူရ(ပြန်/ဆက်)