ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂၇၁၅ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁ဝ၅၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၆၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂၇၁၅ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁ဝ၅၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ ၆၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  နိုဝင်ဘာ  ၅

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်  နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား   ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၁၁-၂ဝ၂၁)ရက် ည ၈ နာရီမှ (၅-၁၁-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂၇၁၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁ဝ၅၇ ဦး တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု  ရာခိုင်နှုန်းမှာ ၄ ဒသမ ၆၅ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၉၈၅၁၉၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅ဝ၅ဝ၃၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၅၄၇ ဦး ဖြစ်သဖြင့်  ယနေ့အထိ   စုစုပေါင်း ၄၇၅၄၅ဝ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၇ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၇၈၃ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။