ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ စက်တင်ဘာ - ၁၄
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အောင်ရွှေဒဂုံလမ်း သွယ်၊ အမှတ်(၁၇)နေ ဒေါ်ပိုသန်း(ဘ)ဦးလှကျော် သည် နေအိမ်ပေါ်ရှိ မီးဖိုခန်းတွင် ထမင်း၊ ဟင်းချက်ပြုတ်ပြီး နေအိမ်အောက်၌ ရေချိုးနေစဉ် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် ထင်းများအား မီးကူးစက်ကာ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မီးလောင်မှုစတင် ဖြစ်ပွားခဲ့သည်။
    
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ် ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့မှု ကြောင့် နံနက် ၁၁ နာရီ  ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူ အား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။