ဗိုင်းရပ်တိုက်ဖျက်ရေး ကျန်းမာရေး ဝန်ထမ်းများအတွက် ဗီယက်နမ် ကျောင်းသားသုံးဦးက ဦးထုပ်တစ်လုံးတီထွင်

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများအတွက် ဗီယက်နမ်ဆယ်ကျော်သက် ကျောင်းသားသုံးဦးက ဦးထုပ် တစ်လုံးကို တီထွင်လိုက်ကြောင်း သိရသည်။ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံများကို အချိန်ကြာမြင့်စွာ ဝတ်ထားရသည့် ကျန်းမာရေးဝန်ထမ်းများသည် မောပန်းနွမ်းနယ်မှုများ ခံစားရသောကြောင့် ကျောင်းသားသုံးဦးက ယခုဦးထုပ်ပုံစံကို တီထွင်လိုက်ခြင်းဖြစ်သည်။ ထိုဦးထုပ်အတွင်းပိုင်းတွင် လက်အိတ်တစ်ခု ပါဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်များကို အပြင် ထုတ်ပေးမည့် လေစစ်ပါ အသက်ရှူကိရိယာတစ်ခုနှင့် ချိတ်ဆက်ထားသည်။ အသက်ရှူ ကိရိယာများသည် စံပြုနှာခေါင်းစည်းများထက်ပင် ပိုမိုစိတ်ချရသောကြောင့် တစ်ကိုယ်ရေ သုံးအကာအကွယ် ဝတ်စုံများဝတ်ဆင်ရာတွင် ပို၍သက်သောင့်သက်သာ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

Ref: CNA