တရားမဝင်သစ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ  ၉

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ  ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့်  လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ကောင်စီ နယ်မြေ/  တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ  ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း  ၄၄ ဒသမ ဝ၇၃ဝ တန်၊ သစ်မာ  ၂၃ ဒသမ ၈၃၇၆ တန်၊ အခြား ၃၆ ဒသမ ၅၆၆၂ တန် စုစုပေါင်း ၁ဝ၄  ဒသမ ၄၇၆၈ တန်၊ တရားခံ ၃၃ ဦး၊ ယာဉ်/ ယန္တရား ၁၉ စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ အောက်တိုဘာ ၃ဝ ရက်တွင်  မကွေးတိုင်းဒေသကြီး   သရက်ခရိုင်  မင်းတုန်းမြို့နယ် မြောက်ပြင်ဘိနယ် မင်းတုန်း ရိုးမကြိုးဝိုင်း အကွက်အမှတ်(၃၇၊၄၈)တို့မှ  တရားမဝင် ကျွန်းခွဲသားပေါင်း  ၉၅ ချောင်း ၁၄ ဒသမ ဝ၃၁၂ တန်တို့အား  ပိုင်ရှင်မဲ့ဖမ်းဆီး ရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။