ပညာရေးယန္တရားကို ထိခိုက်ပျက်ပြားစေလိုသည့် အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်မှုများ ကျူးလွန်

ပညာရေးယန္တရားကို ထိခိုက်ပျက်ပြားစေလိုသည့် အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်မှုများ ကျူးလွန်

နေပြည်တော်၊ နိုဝင်ဘာ- ၁၄

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိ အချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် နစ်နာမှု မရှိစေရန်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီး စေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ  ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ခြင်းများ အပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိ ကြသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်နေံလယ်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကူလဲအနောက်ကျေးရွာနေ ဦးကျော်မင်းစိန်(ဘ)ဦးငါးလုံးနှင့် ကူလဲအနောက်အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာ ဦးသန်းလင်း(ဘ) ဦးထွန်းရှိန်တို့သည် ဒေသအခေါ် ကြက်ချောင်တော စားကျက်ဘက်ရှိ မြေပဲခင်းသို့ သွား ရောက်စဉ် PDF အကြမ်းဖက်သမားများက တားဆီး၍၎င်းတို့ ၂ ဦးအား မြေပြင်၌ မှောက် ခိုင်းကာ ဦးကျော်မင်းစိန်အား တူမီးသေနတ်ဖြင့် ပစ်ခတ်ပြီး ကျောင်းဆရာ ဦးသန်းလင်းအား အကြောင်းမဲ့ တူမီးသေနတ်ဒင်ဖြင့် အကြမ်းဖက်ထုရိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက် ဖြစ်စဉ်ကြောင့့်် ဦးဇော်မင်းစိန်သည် ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာ၌သေဆုံးသွားခဲ့ပြီး ဦးသန်းလင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက်သမားများသည် အနာဂတ်မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာသင် ယူခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက် လာကြောင်း တွေ့ရှိရသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ အကြမ်းဖက်လုပ်ရပ်များကို တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။