ပုသိမ်မြို့၌ ကျောက်စိမ်း၊ စံပယ်ဖြူ၊ ရွှေစိမ်းဝါပန်းများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ပုသိမ်မြို့၌ ကျောက်စိမ်း၊ စံပယ်ဖြူ၊ ရွှေစိမ်းဝါပန်းများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ်(၈)ရပ်ကွက် မဟာဗောဓိဘုရားဝင်းအနီး ပန်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း  စိုက်ပျိုးသူများထံမှ သိရသည်။

ပန်းစိုက်ပျိုးသူများအနေဖြင့် နှစ်ဧကခန့်သာ ကျယ်ဝန်းသော စိုက်ပျိုးခြံအတွင်း  စံပယ်ဖြူ၊ ကျောက်စိမ်းနှင့် ရွှေစိမ်းအဝါစသည့် ပန်းအမျိုးအစားများကို ရှမ်းပြည်နယ်မှ  မျိုးများ မှာယူစိုက်ပျိုးထားခြင်း ဖြစ်ကာ အပင်အမျိုးအစား သုံးမျိုးပေါင်း ၃ဝဝဝဝ ခန့်ကို  စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန် မြေကြီးပြင်ဆင်ခြင်းနှင့် ပန်းပင်များ အရိပ်ရစေရန် အမိုးပြုလုပ်ခြင်းများကို အလုပ်သမားများ ငှား၍ လုပ်ဆောင်ကြရကြောင်း၊  ပန်းပင်မျိုးပေါင်း ၃ဝဝဝဝ မှာယူခြင်းနှင့် အလုပ်သမားများ ငှားရမ်းလုပ်ဆောင်ခြင်း၊ အမိုးပြုလုပ်ပြင်ဆင်ခြင်း တို့အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုငွေကျပ် သိန်း ၃ဝ ခန့် ကုန်ကျပြီး အရှုံးမရှိကြောင်း ပန်းစိုက်ပျိုး လုပ်ကိုင်သူ ဦးရဲနိုင်ထံမှ သိရ သည်။

ပုသိမ်မြို့ရှိ ပန်းစိုက်ပျိုးသူများအနေဖြင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချခြင်း မပြုရဘဲ မြို့တွင်း၌ပင် ရောင်းအားကောင်းလျက် ရှိကြောင်းနှင့် ပျမ်းမျှတစ်နှစ်လျှင် ငွေကျပ် ခုနစ်သိန်း၊ ရှစ်သိန်းဝန်းကျင်ခန့် အမြတ်ရရှိကြောင်း သိရသည်။