အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်  ရဟန်း သံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်  ရဟန်း သံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့

နေပြည်တော်၊ နိုဝင်ဘာ - ၁၆
    
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပြီး မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများအရ ရဟန်းသံဃာတော်များကို ကိုးကွယ် ဆည်းကပ်ရာအဖြစ် သတ်မှတ်ရိုကျိုးကြသူများဖြစ်ပါသည်။ ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်း သံဃာတော် များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများပြားသည့် နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်း ကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံ ဖြစ်ပါသည်။
    
ထိုကဲ့သို့ ကောင်းသတင်းများဖြင့် ကျော်ကြားခဲ့သည့်နိုင်ငံသည် ယခုအခါ အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်အဖွဲ့များအနေဖြင့် ရိုး‌ဖြောင့်ခြင်းမရှိသော နိုင်ငံရေး ရည်ရွယ်ချက် ပြည့်ဝစေရန်အတွက် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေး ခြင်းမရှိသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုသာမကဘဲ ရဟန်းသံဃာများကိုပင်  ရက်စက်စွာအကြမ်းဖက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လာခဲ့သည်။ အကြမ်း ဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ရဟန်းသံဃာတော် စုစုပေါင်း ၁၂ ပါး ပျံလွန်တော် မူခဲ့သည်ကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ် သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။