၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အစ တစ်လကျော် ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ရရှိ

၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အစ တစ်လကျော် ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ရရှိ

၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အစ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တစ်လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ရရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့ မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၃၁ဝ၉၂ ဒသမ ၁၂၁ တန် တင်ပို့ ပြီး အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၆၇၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ် တန်ချိန် ၄၆ဝ၉၈ ဒသမ ၆၂ တန်တင်ပို့ ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၇၈ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း မက် ထရစ်တန်ချိန် ၇၇၁၉ဝ ဒသမ ၇၄၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ဝ၅၅ သန်း ရရှိခဲ့သည်။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေ ဖြင့် ငါး၊ ပုစွန်နှင့် တခြားရေထွက်ကုန်များကို နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့နေခြင်း ဖြစ်သည်။ ထိုသို့ ရေထွက်ကုန်တင်ပို့ရာ တွင် ငါးတင်ပို့မှု အနေဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၅၆၆၈၈ ဒသမ ၂၆၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ဝ၅၈  သန်း၊ ပုစွန်တင်ပို့မှု အနေဖြင့်  စုစု ပေါင်း မက်ထရစ်တန်ချိန် ၂၂၁၁ ဒသမ ၇၆၉ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆၈၅ သန်း၊ တခြားရေထွက်ကုန် တင်ပို့မှုအနေဖြင့် စုစုပေါင်း မက်ထရစ်တန် ချိန်  ၁၈၂၉ဝ  ဒသမ  ၇၁၁  တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၄၅  ဒသမ  ၃၁၂ သန်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။