တရားမဝင်သစ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီး ရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ကောင်စီ နယ်မြေ/တိုင်းဒေသကြီး/ ပြည်နယ်သစ်တော ဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများ အရ တရားမဝင်ကျွန်း ၂၉ ဒသမ ၈၄၂၂ တန်၊ သစ်မာ ၃၃ ဒသမ ၅၆ဝ၄ တန်၊ အခြား ၂၄ ဒသမ ၉၁၁ဝ တန် စုစုပေါင်း ၈၈ ဒသမ ၃၁၃၆ တန်၊ တရားခံ ၁၃ ဦး၊ ယာဉ်/ယန္တရား ၁ဝ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုများ အနက် အများဆုံး ဖမ်းဆီးရမိမှုမှာ နိုဝင်ဘာ ၁၂ ရက်တွင် မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ငဖဲ(ပဒါန်း)ဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၂၂၈/၂ နှင့် ၃ ကြားနေရာမှ တရားမဝင် ပိတောက်ခွဲသား ၁၃ဝ ချောင်း ၁၃ ဒသမ ၇၉၆ဝ တန်  ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။