အိန္ဒိယလွှတ်တော်အမတ် ၁၇ ဦး ဗိုင်းရပ်ကူးစက်ခံထားရ

အိန္ဒိယနိုင်ငံ၌ လွှတ်တော်အမတ် ၁၇ ဦး ဗိုင်းရပ် ကူးစက်ခံထားရသည်ကို တွေ့ရကြောင်း အစိုးရတာဝန်ရှိသူများက စက်တင်ဘာ ၁၅ ရက်တွင်ပြောသည်။ အဆိုပါ လွှတ်တော် အမတ်များသည် စက်တင်ဘာ   ၁၄   ရက်တွင်စတင်မည့် လွှတ်တော်အစည်းအဝေး မတိုင်မီ ကျန်းမာ ရေးစစ်ဆေးမှုခံယူစဉ် ဗိုင်းရပ်ကူးစက်ခံထားရသည်ကိုတွေ့ရှိခြင်းဖြစ်သည်။

ကျန်းမာရေးကောင်းသည့် လွှတ်တော်အမတ်များမှာ နှာခေါင်းစည်းများတပ်ပြီး မှန်များဖြင့် ကာထားသည့် ထိုင်ခုံများတွင် ထိုင်ကာ အချိန်ပိုင်းမျှသာဆွေးနွေးကြောင်းသိရသည်။ ဗိုင်းရပ် ကူးစက်ခံရသူ လွှတ်တော်အမတ် ၁၇ ဦးအနက် ၁၂ ဦးမှာ အာဏာရပါတီမှ ဖြစ်ကြောင်းနှင့် ထိုလွှတ်တော်အမတ်များ အားလုံးမှာ အောက်လွှတ်တော်မှ ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ များက ပြောသည်။ အထက်လွှတ်တော်တွင်မူ ကျန်းမာရေးစစ်ဆေးပြီးသည့် အမတ်ဦးရေ မည်မျှရှိသည်ကို မသိရသေးပေ။

ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၅ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၈၃၈၀၉ ဦးရှိသည်။ ထိုပမာဏသည် သီတင်းပတ် တစ်ပတ်အတွင်း တစ်ရက်တာ ဗိုင်းရပ်ကူးစက်မှုအနည်းဆုံး ပမာဏဖြစ်သည်။ သေဆုံးသူ အရေအတွက်မှာမူ စက်တင်ဘာ ၁၅ ရက်အထိ တစ်ရက်အတွင်း ၁၀၅၄ ဦးရှိသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်ကူးစက်ခံရသူ ငါးသန်းနီးပါးနှင့် သေဆုံးသူ ၈၀၀၀၀ ကျော်သွားပြီဖြစ်သည့် ကမ္ဘာ့ ဒုတိယမြောက် ဗိုင်းရပ်ကူးစက်မှုအများဆုံး နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Ref: The Straits Times