အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဉက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဉက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ  ၁၇
    
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ)မင်းကြီး (၁၉)နှစ်အား ဖမ်းဆီးရမိခဲ့သည်၊၊
    
တရားခံ အောင်ဇင်ဖြိုး(ခ)မင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၄ ရက်တွင်  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ Hotel 46 အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်မှုနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဓိက တရားခံဖြစ်သော မြတ်သူ(ခ)နတ်ဆိုး (၃၂)နှစ်နှင့်အတူ ဇင်ကိုလင်း (၂၅)နှစ်၊ မြသန္တာခိုင် (၂၅)နှစ်၊ လဲ့ရည်ဖြိုး(၂၉)နှစ်၊ အောင်စည်သူခန့် (၂၁)နှစ်တို့ ၅ ဦး အား ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ မြတ်သူ(ခ)နတ်ဆိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုအား ဝင်ရောက်ရှာဖွေခဲ့ရာ တေဇာနေလင်း (၂၀)နှစ်၊ မင်းသွေးမြင့် (၂၄)နှစ်၊ စည်သူဟိန်း (၂၈)နှစ်၊ အောင်မင်းခန့် (၁၉)နှစ်၊ မင်းမောင် (၃၁)နှစ်၊ ဝေယံဦး (၂၆)နှစ်တို့ ၆ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ အောင်စည်သူခန့်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၁)ရပ်ကွက်၊ ရန်အောင်လမ်းနေ စိုးသူ(၃၆)နှစ် အား လည်းကောင်း၊ တရားခံ စိုးသူ ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၁)ရှိ Htun Brother သံထည်ဆောက်လုပ်ရေးဝင်းအတွင်းမှ M 4 သေနတ် ၃ လက်၊ M  4 ကျည်အိမ် ၄ ခု၊ M 16 ကျည်အိမ် ၂ ခု၊ MK 12 သေနတ် ၁ လက်၊ MK 12 ကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၁၄၄ တောင့်၊ ၁၂ ဗို့ကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိ ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ Rock Star စားသောက်ဆိုင်၌ ဇင်သူလင်း(၂၅)နှစ်၊ ဆွေလင်းအောင် (၂၉)နှစ်နှင့် အောင်ဖြိုးပိုင် (၂၂)နှစ်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
    
တရားခံ ဆွေလင်းအောင် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သရက်တောလမ်း၊ စည်ပင်ရုံးအနီးတွင် ဇင်မင်းထွန်း (ခ)ဒိုလေး(၂၆)နှစ်၊ စံသိန်း (၃၁)နှစ်တို့အား MK-12 ၁ လက်၊ MK-12 ကျည်အိမ် ၂ ခု၊ AK-47 ၂ လက်၊ AK-47 ကျည်အိမ် ၄ ခု၊ M-16 ၁ လက်၊ M-16 ကျည်အိမ်၂ ခု၊ ၁၂ ဗို့ကျည် ၁၅ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ ၇.၆၂ ကျည် ၁၁၀ တောင့်တို့ဖြင့် လည်းကောင်း၊ လှိုင်မြို့နယ်၊ ကန်လမ်း၊ လှိုင်မြင့်မိုရ်အိမ်ရာ၊ တိုက်(၁၀)၊ (၃)လွှာမှ ရန်မျိုးအောင်၊ ရန်နိုင်ထွန်း၊ အောင်နိုင်ဦး(ခ) အိုစမာတို့ ၃ ဦးအား လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 
    
တရားခံ အောင်ဖြိုးပိုင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် ဒဂုံ မြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အမှတ်(၆၁/အေ)၊ (၆)လွှာရှိနေအိမ်မှ ရဲရင့်အောင် (၂၄)နှစ် နှင့်ကျော်ဇောလင်း(၂၀)နှစ်တို့အား လည်းကောင်း၊ ဇင်မင်းထွန်း (ခ) ဒိုလေး၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊ ဥဿဖရားလမ်း၊ အမှတ်(မရှိ)နေအိမ်မှ ကျော်သူအောင်(၂၈)နှစ်၊ အိကေခိုင်(၂၈)နှစ် တို့အား Sigsauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉မမ ကျည် ၂၄ တောင့်၊ လက်လုပ် ဗုံး ၄ လုံး၊ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်၊ (၄)လမ်း၊ အမှတ်(၃၂၄)မှ အောင်မြင့်သိန်း (၃၂)နှစ်၊ ခိုင်ဇင်သော်(၃၁)နှစ်တို့အား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သစ်ရာပင်လမ်းတွင် Area-5 အဖွဲ့ခွဲ ခေါင်းဆောင် အောင်ကိုဦး(ခ)ခေါင်းကြီး (၂၈)နှစ်နှင့် မျိုးမင်းခိုင် (၂၇)နှစ်တို့ အားလည်းကောင်း၊ တောင်ဥက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်၊ ကျော်သူလမ်း၊ တိုက်အမှတ်(၈၀၃)၊ (၃)လွှာရှိ ထိန်လင်း(၃၂)နှစ်၊ ဝင်းအေး (၂၇)နှစ်၊ ဟိန်းထက်အောင်(၂၀)နှစ်၊ စောဘယ်လ်ဇင်ထူး (၂၁)နှစ်၊ အောင်အောင် (၂၄)နှစ်၊ အောင်ပိုင်ဖြိုး(၂၆)နှစ်တို့အား Sigsauer ပစ္စတို ၁ လက် ၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၃ တောင့်တို့နှင့် လည်းကောင်း၊ ဝေယံဦး၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုတွင် မိုးစည်သူ(ခ)မောင်မိုး (၂၄)နှစ်အား လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ အမှတ်(၂၀) နေအိမ်အား ဝင်ရောက်ရှာဖွေရာ M-16 ၂ လက်၊ M-16 ကျည်အိမ် ၄ ခု၊ ၅.၅၆ ကျည် ၉၉ တောင့်၊ AK-47 ၂ လက်၊ AK-47 ကျည်အိမ် ၄ ခု၊ ၇.၆၂ ကျည် ၁၁၅ တောင့်၊ လက်လုပ်ဗုံး ၂ လုံးတို့အား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၉၁၊ က/ခ)၊ (၄)လွှာ၊ နှင်းဆီအခန်းအား ဝင်ရောက် ရှာဖွေရာ သီဟကျော်(၂၃)နှစ်၊ အောင်ကိုလင်း (၂၄)နှစ်၊ အောင်ကျော်ကျော်(၂၁)နှစ်တို့ ၃ ဦးအား M-16 ၂ လက်၊ M-16 ကျည်အိမ် ၄ ခု၊ MK-12 ၂ လက်၊ MK-12 ကျည်အိမ် ၄ ခု၊ Sigsauer ပစ္စတို ၁ လက် ၊ ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၁၃၀ တောင့်၊ ၁၂ ဗို့ကျည် ၂၈ တောင့်၊ ၉မမ ကျည် ၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ငစစ်မှာ အမှတ် (၂၉၁၊ က/ခ)၊ (၅)လွှာမှ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့သဖြင့် အသေဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၆ ရက်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ အင်ကြင်းမြိုင်အိမ်ရာအနီးတွင် အံ့ကမ္ဘာ (၂၁)နှစ်၊ အားမာန်စိုး(၃၂)နှစ်၊ ခင်စပယ်အောင်(၁၉)နှစ်၊ သီတာအေးစုအောင် (၂၃)နှစ်တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 
    
တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အလယ်ဗဟိုလမ်း၊ Apolo Hotel အနီးတွင် ရဲလင်းဦး(ခ) နဘီး(၂၆)နှစ်နှင့် ကေသွယ်ဖြိုး(၂၃)နှစ်တို့အား MK-12 ၂ လက်၊ကာဘိုင် ၁ လက်၊ လက်လုပ်ပစ္စတို ၃ လက်၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ၁၂ ဗို့ကျည် ၅၀ တောင့်၊ ၉မမ ကျည် ၄၅ တောင့် ၊ လက်လုပ်မိုင်း ၄ လုံး၊ ရီမုမိုင်း ၄ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
    
တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆရာစံလမ်း ၊ City Mart အနီးတွင် အောင်ဘုန်းကျော်(ခ) O2 (၂၃)နှစ်အား M-79 ဗုံးပစ်လောင်ချာ  ၁ လက်၊ M-79 ဗုံးသီး ၅ လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ဗဟန်းမြို့နယ်၊ ယူနိုက်တက်ကွန်ဒိုမှ M-16 ၆ လက်၊ M-16 ကျည်အိမ်၂၅ ခု၊ MK-12 ၁ လက်၊ MK-12 ကျည်အိမ် အတို/အရှည် ၆ ခု၊ AK-47 ၁ လက်၊ AK-47 ကျည်အိမ် ၂ ခု၊ မှန်ပြောင်း ၁ ခု၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ၁၂ ဗို့ကျည် ၅၀ တောင့်၊ ရှေ့ထွက်မိုင်း ၄ လုံး၊ ပစ္စတိုကျည်အိမ်၂ ခု၊ ၉ မမ ကျည် ၃၅ တောင့်၊ ၇.၆၂ ကျည် ၅၀ တောင့်၊ ၅.၅၆ ကျည် ၁၀၈၅ တောင့်၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ၇ ထုပ် တို့အား သိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ KNLA တပ်မဟာ(၆)တွင် ထွက်ပြေးတိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန် သန်လျင်မြို့နယ် NLD ပါတီဝင် တရားခံ ဝင်းကို(ခ)စံရှားမှ Special Operation Force-SOF အကြမ်းဖက်အဖွဲ့အား  Area-1 မှ Area-7 အထိ ဖွဲ့စည်း ထားပြီး ၎င်းအဖွဲ့ဝင်များအား NUG မှ တရားခံပြေး လွင်ကိုလတ်၏ စေခိုင်းချက်အရ KNLA မှ ရင်းမှူးအဆင့်ရှိ ရန်နိုင်သည် KNLA တပ်မဟာ (၆)နယ်မြေအတွင်း လက်နက်ငယ်သင်ခန်းစာများ၊ ဒရုန်းများတွင် ဗုံးတပ်ဆင်၍ ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေး သင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းတက်ရောက်စဉ် လွင်ကိုလတ်နှင့် ရန်နိုင်တို့မှ လာရောက်ကြည့်ရှု့၍ သင်တန်း ဆင်းပါက ရန်ကုန်မြို့အတွင်း နယ်မြေအလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ပါက ဖြိုးဇေယျာသော်(ခ)မောင်ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် လိုအပ်သော ငွေကြေး၊ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများအား ထောက်ပံ့ပေးမည်ဟု ပြောကြား ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
    
ဖမ်းဆီးရမိတရားခံများမှ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုအနေဖြင့်-
-    Area-3 အဖွဲ့မှ တရားခံ ထက်မိုးလွင်သည် စက်တင်ဘာလ ၅ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင် နှင့်အတူ သာကေတမြို့နယ်၊ (၅) ရပ်ကွက်ရှိ အမှတ်(၁) ရဲစခန်းအား လက်လုပ် ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း။ 
-    Area -1 အဖွဲ့မှ တရားခံ ဇင်မင်းထွန်းသည် စက်တင်ဘာလ ၄ ရက်တွင် မြောက်ဉက္ကလာမြို့နယ်၊ ဗိုလ်မှူး ဗထူးတံတားထိပ်ရှိ လုံခြုံရေးအဖွဲ့ဝင် များအား တိုက်ခိုက်ရန်အတွက် ဝင်းကျော်(ခ)စံရှားထံ တင်ပြခဲ့ရာ ၎င်းမှ အသုံးပြုမည့် လက်နက်များအား ဆွေလင်းအောင်ထံမှ ရယူရန်ချိတ်ဆက် ပေးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် ဇင်မင်းထွန်းသည် ဖမ်းဆီးရန် ကျန်တရားခံ ဟိန်းမင်းစိုးနှင့် ရှိုင်းထက်အောင်တို့အား ပစ်ခတ်သူများအဖြစ် လည်းကောင်း၊ စည်သူအား ယာဉ်မောင်းအဖြစ် လည်းကောင်း၊ ဖမ်းဆီး ရန်ကျန် တရားခံ အောင်ထွန်း၊ စစ်နိုင်၊ နိုဗယ်ဦး၊ ဒေါင်းမာန်ချီ၊ အောင်လေး၊ အိကေခိုင်၊ မြတ်သူတို့အား စောင့်ကြည်သတင်းပို့ ပြုလုပ်သူများအဖြစ် လည်းကောင်း၊ ဇင်မင်းထွန်းသည် လက်နက် သိမ်းဆည်းရေးအဖြစ် လည်းကောင်း အဖွဲ့ဝင် ၁၁ ဦးဖြင့် မြောက်ဥက္ကာလာပမြို့နယ်၊ တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
-    Area-3 အဖွဲ့မှ အောင်ပိုင်ဖြိုးသည် အောက်တိုဘာလ ၂၁ ရက်တွင် ဖမ်းဆီး ရန်ကျန် တရားခံ လင်းရောင်၊ သော်က၊ စောဘယ်လ်ဇင်ထူး တို့နှင့်အတူ ဗားကရာလုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်  လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်နိုင်ရေး ထက်မိုးလွင်၊ ဟိန်းထက်အောင်၊ စည်သူဟိန်းတို့ဖြင့် စောင့်ကြည်သတင်းပို့စေခဲ့ကြောင်း၊ အောက်တိုဘာလ ၂၃ ရက်တွင် စောဘယ်လ်ဇင်ထူးမှ ယာဉ်မောင်းအဖြစ် လည်းကောင်း၊ သော်ကနှင့် လင်းရောင်တို့မှ ပစ်ခတ်သူများအဖြစ် လည်းကောင်း၊ အောင်ပိုင်ဖြိုးမှ မှတ်တမ်းတင်အဖြစ် လည်းကောင်း လိုက်ပါ၍ ဗားကရာလုံခြုံရေး အဖွဲ့ဝင် များအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပန်းလှိုင်လမ်း၌ အသင့်စောင့်ဆိုင်း နေသော ဆွေလင်းအောင် မောင်းနှင်သည့် Honda Insight ယာဉ်ဖြင့် ပြောင်းလဲ ထွက်ခွာခဲ့ကာ ပစ်ခတ်မှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော Honda Airwave ယာဉ်အား ပန်းလှိုင်လမ်း၌ ထားခဲ့ကြောင်း။
-    
Area-2 အဖွဲ့မှ တရားခံ ဇင်သူလင်းသည် အောက်တိုဘာလ ၂၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင် နှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက် ဓမ္မာရုံအနီးရှိ ကင်းတဲအား လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ခတ် ခဲ့ကြောင်း။
-    Area-2 အဖွဲ့မှ တရားခံ ဇင်ကိုလင်းသည် နိုဝင်ဘာလ ၆ ရက်တွင် မြတ်သူ (ခ)နတ်ဆိုး၏ စေခိုင်းမှုဖြင့် အောင်စည်သူခန့်(ခ) သီဟနှင့်အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် လက်လုပ် ရီမုမိုင်း ၁ လုံး ဖြင့် ဖောက်ခွဲခဲ့ကြောင်း။
-    
Area-5 အဖွဲ့မှ တရားခံ အောင်ကိုဦးအား နိုဝင်ဘာလ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့ဖြစ်သည့် SOF အဖွဲ့ ခေါင်းဆောင် ဝင်းကို(ခ)စံရှားမှ သာကေတမြို့နယ်ဘက်ခြမ်းရှိ သန်လျင် တံတားလုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရန် ညွှန်ကြားခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်တွင် ဖက်တီး မောင်းနှင်သော Probox အမျိုးအစားယာဉ်ပေါ်တွင် ပီတာ၊ အောင်ကိုဦး၊ ဂျုတ်၊ ဘရာဗိုတို့သည် ပစ်ခတ်ရေးအဖြစ် လည်းကောင်း၊ ငစစ်၊ မာရီယို၊ စံပယ်၊ အားမာန်စိုးတို့သည် စောင့်ကြည်သတင်းပို့အဖြစ် လည်းကောင်း ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်ရှိ Safe House နေအိမ်တွင် လက်နက်/ ခဲယမ်းများအား သိုဝှက်ကာ လူစုခွဲခဲ့ကြောင်း။
-    
Area -7 အဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်တွင် ဝင်းကို(ခ)စံရှား၏ စေခိုင်းမှုဖြင့် ထန်းတပင်မြို့နယ်၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား CRV အမျိုးအစား လိုင်စင်မဲ့ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ဖမ်းဆီးရန်ကျန် တရားခံ ခွန်သမှ မောင်းနှင်၍ ကျားပေါက်နှင့် ကြက်ပေါက်တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်နိုင်ထွန်းနှင့် အောင်နိုင်ဦးတို့မှ စောင့်ကြည်သတင်းပို့အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက် သည့် ဗီဒီယိုဖိုင်အား CRV ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်တွင် လက်ကိုင်ဖုန်းအား ကလစ်ညှပ်၍ ရိုက်ကူးခဲ့ကြောင်း၊ CRV ယာဉ်အား ရေမြောင်းအတွင်းသို့ ထိုးချခဲ့ပြီး လက်နက်/ ခဲယမ်းများအား ကြက်ပေါက်ထံတွင် သိမ်းဆည်း ခဲ့ကြောင်း။
    
ဖြစ်စဉ်တွင် တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြား များအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးများ သုံးစွဲ၍ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ လွင်ကိုလတ်သည် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် KNLA တပ်မဟာ(၆)တွင် တိမ်းရှောင်လျက် ရှိသော ဝင်းကို(ခ)စံရှားနှင့် ချိတ်ဆက်ကာ ၎င်းအဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်/ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ထုတ်သိရှိရပါသည်။
    
လွင်ကိုလတ်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများအား ပြုလုပ်ရာတွင် Area အလိုက် တာဝန်ပေးထားသူများအနေဖြင့် ဖြိုးဇေယျာသော်(ခ) မောင်ကျော်နှင့် ချိတ်ဆက်၍ အများပြည်သူများ ထိခိုက်နစ်နာစေရန်နှင့် အထိတ်တလန့် ဖြစ်စေရေးအတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများအတွင် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် Zoom Meeting မှတစ်ဆင့် ညွှန်ကြားမှုများ ပြုလုပ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
    
SOF အကြမ်းဖက်အဖွဲ့အနေဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းကို(ခ)စံရှား၏ စေခိုင်းမှုဖြင့် နိုဝင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ ဂန္ဓမာဟိုးဆေးကုန်တိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်ရှိ ယာဉ်ထိန်းရုံး တို့အား ယာဉ် ၂ စီးဖြင့် ပစ်ခတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်းနှင့် အဖွဲ့အလိုက် သက်ဆိုင်ရာ မြို့နယ်များတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်းများအား နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် စီစဉ်နေစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ ပူးပေါင်း ဆောင်ရွက် မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ 
    
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်းနေထိုင် သူများ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါက ငှားရမ်းသည့် ပိုင်ရှင်များအား တည်ဆဲဉပဒေအရ အရေးယူမည့်အပြင် နေအိမ် တိုက်ခန်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/တိုက်ခန်းများနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေး အတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင်များအား တည်ဆဲဉပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
    
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။