ကျေးသီးမြို့နယ်၊ မိုင်းနောင်-မိုင်းစံကားလမ်း၌ ဘိမ်းစိမ်းများသယ်ဆောင်လာသူတစ်ဦး အား ဖမ်းဆီးရမိ

ကျေးသီးမြို့နယ်၊ မိုင်းနောင်-မိုင်းစံကားလမ်း၌ ဘိမ်းစိမ်းများသယ်ဆောင်လာသူတစ်ဦး အား ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၅
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၏အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာနေရာ မိုင်းနောင်-မိုင်းစံသွားကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာဉ်ဖြတ်သန်းသွားလာမှုများအားစစ်ဆေးစဉ် ယနေ့နေ့လယ် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မိုင်းနောင်ဘက်မှ မိုင်းစံဘက်သို့မောင်းနှင်လာသော Kenbo-125  အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ စိုင်းလူ (ဘ)ဦးလုံးစံ ကို ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ပလတ်စတစ်ပုံး ၂ ပုံးနှင့်ပလတ် စတစ်အိတ် ၁ အိတ်တို့အတွင်းမှ ဘိန်းစိမ်း ၃၃ ဒသမ ၃၅ ကီလိုဂရမ်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၂၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိဘိန်းစိမ်းများ၊ ဆိုင်ကယ်နှင့် ဖမ်းဆီးရမိသူအား မိုင်းနောင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။