အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၃၄၄၇ ၅၁၇ ဦးအထိ မြင့်တက်လာ

အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၃၄၄၇ ၅၁၇ ဦးအထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံတစ်ဝန်း၌   ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၉၁၉ ဦးမြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၁၈ ရက်တွင် ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၄၄၇၈၅၁၇ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၇ ရက် နံနက်တွင် ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၇ဝ ရှိရာမှ  ယခုအခါ သေဆုံးသူစုစုပေါင်း ၄၆၄၆၂၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူ ၂ဝ၇ ဦးအထိ မြင့်တက်လာပြီးလက်ရှိတွင် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၇၆၂ ဦးရှိနေဆဲ ဖြစ်သည်။

တာဝန်ရှိသူများသည် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၁၂၄၂ ဦးကို ပြီးခဲ့သည့် ၂၄နာရီအတွင်း၌ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။