ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့် လူအသေအပျောက် အများဆုံးဒေသမှာ ဥရောပတိုက်ဖြစ်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့် လူအသေအပျောက် အများဆုံးဒေသမှာ ဥရောပတိုက်ဖြစ်

ကမ္ဘာပေါ်တွင်  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့်  လူအသေအပျောက် အများဆုံးဒေသမှာ ဥရောပတိုက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက  ထုတ်ပြန်သည်။

ဥရောပဒေသတွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း၌ ငါးရာခိုင်နှုန်း မြင့်တက်လာပြီး သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဥရောပတိုက်တွင်ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ရောဂါပိုး ကူးစက်ခံရသူမြင့်တက်လာပြီး  ယင်းရောဂါပိုးကြောင့်သေဆုံးသူအရေအတွက်မှာ ကမ္ဘာတစ်ဝန်းလုံးတွင် ၅ဝဝဝဝ ခန့်အထိရှိကြောင်း၊ ၎င်းပမာဏအနက် ဥရောပ၌  သေဆုံးသူ အရေအတွက်မှာ၂၈၃ဝ၄ ဦးအထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

ဥရောပရှိရောဂါပိုး ကူးစက်မှု အများဆုံး နိုင်ငံများတွင် ရုရှား၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။

ဥရောပ၌ရောဂါပိုး ကူးစက်မှု ဆက်လက်ဖြစ်ပွားပါက ဒေသအတွင်းရှိ လူသန်းဝက်ခန့်မှာ ရောဂါပိုးကြောင့် ထပ်မံသေဆုံးရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေးထားကြောင်း သိရသည်။