တီးတိန်မြို့နယ်၊ ခိုင်ကမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရိုင်ဖယ်မှန်ပြောင်း ၈ ခုနှင့် မှန်ပြောင်း အစွပ်ပို ၄ ခုသယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရိုင်ဖယ်မှန်ပြောင်း ၈ ခုနှင့် မှန်ပြောင်း အစွပ်ပို ၄ ခုသယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၅

    
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တီးတိန်မြို့ဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော NEW PT Power-125  အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဆွင်းခန့်မုန်(ဘ) ဦးထန်ခန့်ဆွင်း နှင့်လိုက်ပါ စီးနင်းသူလာသူ ထန်လျန်းတွောင် တို့ညီအစ်ကို ၂ ဦးကို Discovery  အမျိုးအစားရိုင်ဖယ် မှန်ပြောင်း ၈ ခု၊ မှန်ပြောင်း အစွပ်ပို ၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ တရားမဝင်ပစ္စည်းများနှင့်ဖမ်းဆီးရမိသူများအား ခိုင်ကမ်းနယ်မြေရဲစခန်း ၌ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။