နောက်ဆုံးငါးနှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွင် အေးဂျင့်လုပ်ခအများဆုံး ပေးချေရသည့်အသင်းများ၌ ဒေါ့မွန်အသင်း ထိပ်ဆုံးမှရပ်တည်

နောက်ဆုံးငါးနှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွင် အေးဂျင့်လုပ်ခအများဆုံး ပေးချေရသည့်အသင်းများ၌ ဒေါ့မွန်အသင်း ထိပ်ဆုံးမှရပ်တည်

ဘာလင်၊ ဘောလုံး

၂၀၁၇ ခုနှစ်မှ ယခုနှစ်အထိ နောက်ဆုံးငါးနှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွင် အေးဂျင့်လုပ်ခအများဆုံးပေးချေရသည့် အသင်းများစာရင်း၌  ဒေါ့မွန်အသင်းက  အံ့အားသင့်ဖွယ်  ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားခေါ်ယူမှုမရှိခဲ့ဘဲ လူငယ်ကစား သမားအများစုကိုသာ ခေါ်ယူပြီး ထိပ်တန်းကစားသမားဖြစ်အောင် ပြုစုပျိုးထောင်နိုင်သည့်အသင်းအဖြစ် နာမည်ကြီးခဲ့သည်။ သို့သော် အေးဂျင့်အသုံးပြု ခများတွက်ချက်ရာတွင်  ပရီးမီးယားလိဂ်ကလပ်အသင်းများကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းသည် လူငယ်ကစားသမားအများစုကိုသာခေါ်ယူခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်က ဆဲလ် ဘတ်အသင်းမှ ဟာလန်းကို ခေါ်ယူရာတွင် အေးဂျင့် ရိုင်အိုလာကို ပေးခဲ့ရသည့်အေးဂျင့်လုပ်ခအပါအဝင် ငါးနှစ်အတွင်း စုစုပေါင်းအေးဂျင့်လုပ်ခ စတာလင် ပေါင် သန်း ၁၄၀ အထိ ကုန်ကျခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးငါးနှစ်အတွင်း အေးဂျင့်လုပ်ခအများဆုံး ပေးချေခဲ့ရသည့်ကလပ်အသင်းစာရင်းတွင် ဒေါ့မွန် အသင်း၏နောက်၌ လီဗာပူး အသင်းက စတာလင်ပေါင် ၁၁၈ ဒသမ ၇ သန်းဖြင့် အဆင့်(၂)၊ ဂျူဗင်တပ်စ်အသင်းက ၁၁၂ သန်းဖြင့် အဆင့်(၃)၊ ချယ်လ်ဆီးအသင်းက သန်း ၁၁၀ဖြင့် အဆင့်(၄)၊ မန်စီးတီးအသင်းက ၁၀၃ ဒသမ ၃သန်းဖြင့် အဆင့်(၅)၊ မန်ယူအသင်းက ၉၃ သန်းဖြင့် အဆင့်(၆)၊ ရိုးမားအသင်းက ၇၅ သန်းဖြင့် အဆင့်(၇)၊ ရှော်လ်ကေးအသင်းက သန်း ၅၀ ဖြင့် အဆင့်(၉)နှင့် စပါးအသင်းက ၄၅သန်းဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီးရပ်တည်နိုင်ခဲ့ကြကြောင်း သိရသည်။    

Ref;Off the Pitch