ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှ ကစားသမားအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ဥပဒေပြဋ္ဌာန်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှ ကစားသမားအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ဥပဒေပြဋ္ဌာန်း

ဂျာမနီနိုင်ငံဘောလုံး အဖွဲ့ချုပ်က    ဂျာမနီနိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့်   နိုင်ငံအတွင်း   ကျင်းပနေသည့် ပြိုင်ပွဲများမှ ပြိုင်ပွဲဝင်ကစားသမား အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန်   ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဖြစ်ပြီး   ဂျာမန်ထိပ်သီး   ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမား အများစုအနေဖြင့်  အခက်ကြုံလာဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ ဂျာမနီနိုင်ငံ အတွင်း ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသကဲ့သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက   ကျင်းပသည့် နိုင်ငံတကာ ပွဲစဉ်များတွင်လည်း ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမားအများစု ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိလာသောကြောင့် ကာကွယ်ဆေးထိုးနှံရန် အတွက်  ဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

လက်ရှိဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှ   ပြိုင်ပွဲဝင် ကစားသမား ၉ဝ ရာခိုင်နှုန်းခန့် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သော်လည်း  ဘိုင်ယန်မြူးနစ် အသင်းမှ   အဓိက   ကစားသမား အများစုအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုထားသည်။

ဘိုင်ယန်မြူးနစ်အသင်းမှ အဓိကကွင်းလယ်ကစား သမားဖြစ်သည့် ကင်မစ်ချ်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ငွေကြေးများစွာ လှူဒါန်းမှု ပြုလုပ်ထားသော်လည်း ၎င်းကိုယ်တိုင် ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုထားပြီး တခြားအဓိက ကစားသမားများဖြစ်သည့် ဂါနာဘရီ၊ မူစီလာနှင့် ချူပို မူတင်းတို့ကလည်း ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုထားကြကြောင်း သိရသည်။