ကျွန်းစုမြို့နယ်အတွင်း ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ 

ကျွန်းစုမြို့နယ်အတွင်း ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၁၆
    
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာနေ ဦးသစ်နိုင်(ဘ) ဦးလှဝင်း ၏နေအိမ်အား ယနေ့နံနက် ၆ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်စစ်ဆေးရာ ဦးသစ်နိုင် အား နေအိမ်အတွင်းရှိ အဝတ်ထည့်သည့် ပလပ်စတစ်ပုံးအတွင်းမှ ဘိန်းစာမှုန့် ၁၃ ဒသမ ၅ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
     
အဆိုပါ ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိသူအား ကျွန်းစုမြို့နယ်၊ ကံမော် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။