အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းများဖွင့်လှစ်သင်ကြားနေမှု ကွင်းဆင်းကြည့်ရှု

နေပြည်တော်၊ လူမှုရေး

အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းများဖွင့်လှစ်သင်ကြားနေမှု ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုး မျိုးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြို့ပင် (အလယ်) ကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးနေသော အဆင့်မြင့်စက်ချုပ် သင်တန်းသို့လည်းကောင်း၊ လယ်ဝေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဝက်ကမူကျေးရွာ၌  ဖွင့်လှစ်သင်ကြားနေသော အဆင့်မြင့်စက်ချုပ်သင်တန်းသို့လည်းကောင်း၊  ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေသာ(တောင်)ကျေးရွာ၌  ဖွင့်လှစ်သင်ကြားပေး နေသော အခြေခံစက်ချုပ် သင်တန်းသို့လည်းကောင်း နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ကြည့်ရှုအားပေးရာတွင် သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက သင်တန်းဖွင့်လှစ် သင်ကြားပို့ချခြင်းနှင့် စပ်လျဉ်းပြီး စာတွေ့၊ လက်တွေ့သင်တန်းပို့ချနေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဦးမျိုးမျိုးက သင်တန်းသားများနှင့်တွေ့ဆုံမှာကြားပြီး သင်ထောက်ကူပစ္စည်းများကို ပေးအပ်သည်။

အဆိုပါသင်တန်းများကို ပျဉ်းမနားမြို့နယ် ကြို့ပင်(အလယ်)ကျေးရွာ၊ လယ်ဝေးမြို့နယ် ဝက်ကမူကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာ(တောင်)ကျေးရွာတို့မှ  လူငယ်သင်တန်းသူ၊ သင်တန်းသား ၆၀ ဦးတို့ကိုနိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ စာတွေ့ လက်တွေ့ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဆက်ချစ်(ကျေးလက်)