ကွမ်းလုံမြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

ကွမ်းလုံမြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၁၆
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော ပူးပေါင်းအဖွဲ့သည် တာလုံထန်ကျေးရွာနေ ဦးရှောက်ချိုင်း ၏နေအိမ်အား စက်တင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် သတင်းအရ ဝင်ရောက်စစ်ဆေးရာ ဦးရှောက်ချိုင်း အား နေအိမ်အိပ်ခန်းအတွင်းမှ A1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၃၀၀ ပြားနှင့် ဘိန်းဖြူ ၄၅ ဂရမ် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၉ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အလားတူ နောင်ချိုမြို့၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ နောင်ချို တိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၁၅ ရက် ည ၇ နာရီခွဲခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မင်းမင်းဇော်(ဘ)ဦးအောင်နိုင် မောင်းနှင်၍ အောင်ကိုကို(ဘ)ဦးအုန်းစိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မင်းမင်းဇော် ဝတ်ဆင်ထားသည့် အနွေးထည်အိပ်ကတ်အတွင်းမှ WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ သိန်းကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
     
အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ များအား ချင်းရွှေဟော်နယ်မြေရဲစခန်းနှင့် နောင်ချိုမြို့နယ်ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။